Goo Hara က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီး အဆိုတော် တစ်ယောက်ပါ။(၁၉၉၁)ခုနှစ် မွေးဖွားပြီး (၂၀၁၉) နိုဝင်ဘာ (၂၄)မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။သူမကလည်း စိတ်ဖိစီးမှု ဒဏ်တွေ ၊ဝေဖန်တိုက်ခိုက်မှု ဒဏ်တွေ ကြောင့် အခုလို မျိုး အဖြစ် မျိုးနဲ့ ကြုံ ခဲ့ရတာပါ။သူမကို ဖိအားတွေ ပေးတဲ့ အထဲမှာ သူမရဲ့ ချစ်သူဟောင်း Choi Jongbeom လည်း ပါပါတယ်။သူမကို ရုပ်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ ရော၊စိတ်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်တာတွေ ကိုပါ လုပ်ခဲ့တာပါ။အဆိုးဆုံးက တော့ သူမရဲ့ sex tape နဲ့ ခြိမ်းခြောက် ခဲ့တာပါ။အနုပညာရှင် ဘ၀ ကို အဆုံးသတ် အောင် လုပ်ပေးမယ်ဆိုပြီး ဗီဒီယိုဖိုင် နဲ့ သူမ ကို ခြိမ်း ခြောက် ခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Soompi နဲ့ kstarlive တို့ မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

やっと会う!

A post shared by 구하라 (@koohara__) on

အခုဆိုရင် တော့ Choi Jongbeom ကို တရားရုံးက နေ အောက်တိုဘာ (၁၅)ရက်နေ့က ထောင် ဒဏ် တစ်နှစ် ပြစ် ဒဏ် ချ မှတ် ခဲ့ ပါတယ်။ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ခြိမ်းခြောက်မှု၊အကျပ်ကိုင် နိုင့်ထက် စီးနင်းလုပ်မှု၊အိမ်ရာ နဲ့ ပစ္စည်းတွေကို ဖျက်စီးမှု တို့ မှာ ပြစ်မှု ထင်ရှား ကြောင်း တွေ့ရှိခဲ့တာပါ။ဒါပေမယ့် ခွင့်ပြုချက် မရှိပဲ ဗီဒီယို ခိုးရိုက်တဲ့ စွဲချက် မှာတော့ အပြစ် မရှိဘူး လို့ တရားရုံးက လက်ခံခဲ့ပါတယ်။တရားရုံးရဲ့ အ ပြောအရ ဗီဒီယိုရိုက်တဲ့ ကိစ္စက Goo Hara ရဲ့ ခွင့်ပြုချက်မရှိပဲ ခိုးရိုက်တယ်လို့ သံသယ ၀င် စရာ အ နေ အထား မျိုး မတွေ့ ဘူး လို့ ဆိုပါတယ်။ဒါကြောင့် ခွင့်ပြုချက် မရှိပဲ ခိုးရိုကတဲ့ စွဲချက် မှာတော့ အပြစ်ကင်းတယ်လို့ တရားရုံးက ယူဆခဲ့ပါတယ်။ဒါပေမယ့် ဗီဒီယို ဖိုင် နဲ့ ခြိမ်းခြောက် တယ်ဆိုတဲ့ ကိစ္စ မှာတော့ ပြစ်မှု ထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အောက်တိုဘာ (၁၃)တည်းက တော့ သူနဲ့ ပတ်သက်ပြီး သတင်းမှား ဖြန့်သူတွေ ကိုအ ရေးယူမယ်လို့  Choi Jongbeom က ပြောခဲ့ဖူးပါတယ်။သူနဲ့ ပတ်သက်ပြီး ဝေဖန် ရှုတ်ချ တဲ့ သူတွေ၊သတင်းမှား ဖြန့်သူတွေ ကို တော့ တရားစွဲ ဆို မှာ ဖြစ်ပြီး နစ်နာ ကြေး အဖြစ် ၀မ် (၂)သန်း ကနေ (၅)သန်း အထိ တောင်းဆို သွားမယ်လို့ ပြောခဲ့ပါတယ်။လက်ရှိမှာတော့ သူဟာ hair designer အဖြစ် ရပ်တည် နေပြီး ဆံပင် အလှ ပြင်ဆိုင်တစ်ခုကို (၂၀၁၉)တည်းက ဖွင့်ထားခဲ့ ကြောင်း၊သူ့ကိုမ ကောင်းပြော နေတဲ့ သူ တွေ ကြောင့် သူ့ စီးပွားထိခိုက်ရတယ်ဆိုပြီး ပြောခဲ့ပါတယ်။အဲ့ဒီလိုတွေ ပြောခဲ့ ပေမယ့် အောက်တိုဘာ (၁၅)မှာတော့ တရားရုံးက ပြစ်မှု ထင်ရှားတဲ့ အတွက် သူ့ကိုထောင်ဒဏ် ချ မှတ် ခဲ့ပါတယ်။

 

View this post on Instagram

 

👋💤#HARA

A post shared by 구하라 (@koohara__) on

 

View this post on Instagram

 

По словам подруги бывшего парня Goo Hara, он тяжело переживает новость о смерти бывшей возлюбленной! В интервью подруга-стилист Choi Jongbum рассказала о том, как он воспринял новости о смерти Goo Hara. Она работает в салоне по соседству с салоном Choi Jongbum, который он недавно открыл. По её словам, никто из сотрудников его салона не поднимает тему Goo Hara из-за деликатности вопроса. “Для него было трудное время, еще с тех времен когда он с ней судился из-за побоев и секс видео. После новостей о смерти Hara, он не смог справиться с эмоциями. Все, что касается неё для него является чувствительной ситуацией. Потому коллеги не говорят с ним на эту тему. Больше я сказать не могу” . После смерти Goo Hara, он сделал свой инстаграм частным, а салон закрыт на неопределенный срок. #goohara #kara #choijongbum #kpop #gera🐰

A post shared by K-POP/KOREA NEWS🎎 (@dispatch.rus) on

#CELENOW