ပရိသတ်တွေကြားမှာ တရုတ် Idol ကောင်လေး တစ်ယောက်ကတော့ အရမ်းကို နာမည်ကြီးနေပါတယ်။ နာမည်ကြီးရတဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ ရုပ်ရည်ကြောင့်ပါ။ သူ့ရဲ့ ရုပ် ရည် က ကိုရီးယားအဆိုတော် Im Siwan နဲ့ တူနေတဲ့ အတွက် အခုလို နာမည်ကြီးရတာပါ။ သူ့ရဲ့ နာမည်ကတော့ Ding Chengxin ပါ။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။

Image Source: Weibo
Image Source: Weibo

တရုတ် ယောက်ျားလေး အဆိုတော် အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Typhoon Teens ပါ။ TF Entertai nment ရဲ့ လက်အောက် မှာ ရှိတာပါ။ Ding Chengxin  ကိုတော့ (၂၀၀၂)ခုနှစ်က မွေးဖွားခဲ့ တာပါ။ သူ့ရဲ့ အသက်ကတော့ (၁၇)နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူဟာ (၂၀၁၈)မှာ ပွဲဦး ထွက်ခဲ့တဲ့ Typhoon Teens ရဲ့  အဖွဲ့ ခေါင်းဆောင်ပါ။ Ding Chengxin ကတော့ လူတွေရဲ့ အာရုံစိုက်ခြင်းကို အများကြီး ရထားသူပါ။ တရုတ်မှာတင်မကပါဘူး။ တခြားအာရှနိုင်ငံတွေ ဖြစ်တဲ့ ကိုရီးယားမှာ ပါ အရမ်းကို နာမည်ကြီးပါတယ်။

Image Source: Weibo
Image Source: Weibo

ကိုရီးယား Fan တွေကြားမှာတော့ Ding Chengxin က နောက်ထပ် အကြောင်းအရင်းတစ်ခု ကြောင့် နာမည်ကြီး တာပါ။ အဲ့ဒါကတော့ Im Siwan နဲ့ တူတဲ့ ရုပ်ရည် ကြောင့်ပါ။ Im Siwan ကတော့ ZE:A ရဲ့ အဖွဲ့ ၀င် တစ်ယောက်ပါ။ Ding Chengxin မှာတော့ Siwan လိုပဲ လုံးဝိုင်း တဲ့ မျက်ဝန်းနဲ့  ဖြူဖွေးတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူပါ။

#CELENOW