တရုတ်ပြည်က ကောင်မလေးတစ်ယောက်ကတော့ IU နဲ့တူလွန်းလို့ဆိုပြီး Douyin မှာနာမည်ကြီးနေပါတယ်။ Douyin ကတော့ တရုတ် Tik Tok ဗားရှင်းတစ်မျိုးပါ။ “wenhoney” ဆိုတဲ့နာမည်နဲ့ Tik Tok video လေးတွေတင်လေ့ရှိပြီး ကြည့်ရှုသူအများအပြားနဲ့ တရုတ် IU ဆိုပြီး နာည်ကြီးနေတဲ့ ကောင်မလေးအကြောင်းကိုတော့ Koreaboo မှာအခုလိုဖော်ပြထားပါတယ်။
View this post on Instagram
“wenhoney” အကောင့်နာမည်နဲ့ video လေးတွေတင်လေ့ရှိတဲ့ သူမကတော့ IU နဲ့ရုပ်ချင်းတူရုံသာမက အပြုအမူ၊ မျက်နှာ expression လေးတွေကပါ ဆင်တူလွန်းနေတာပါ။
View this post on Instagram
တရုတ် IU version လေးဆိုပြီး social media တွေမှာ ကြည့်ရှုသူ ဝေမျှသူအများအပြားနဲ့ နာမည်ကြီးလျက်ရှိသလို ကောမန့်တွေမှာလည်း “ငါကတစ်ကယ့် IU ထင်နေတာ” “ ဒါ IU မဟုတ်ဘူးလား” “IU နှစ်ကိုယ်ခွဲပဲ” ဆိုပြီး ပြောသူတွေရှိခဲ့သလို
View this post on Instagram
“video ထဲမှာပဲ IU နဲ့တူမှာပါ … အပြင်မှာမတူလောက်ပါဘူး” “ filter တွေသုံးလို့နေမှာပေါ့” “ သိပ်လဲမတူပါဘူး” ဆိုပြီး ဝေဖန်သူတွေနဲ့ ပွဲဆူနေခဲ့ပါတယ်။
View this post on Instagram
CELENOW ပရိတ်သတ်ကြီးရော ဒီကောင်မလေးက IU နဲ့တူတယ်ထင်ကြလား …
#CELENOW