BLACKPINK ရဲ့ တရုတ်ပရိတ်သတ်တွေကတော့ Lisa ရဲ့ မွေးနေ့ပွဲကျင်းပဖို့အတွက် ရန်ပုံငွေတွေ များစွာရရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းကို allkpop က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m)

ဒီနှစ်အစောပိုင်းမှာကတည်းက တရုတ်ပရိတ်သတ်တွေဆီကနေ Lisa ရဲ့ မွေးနေ့ကျင်းပဖို့ ရန်ပုံငွေ 1 million CNY (151,837 USD) အထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ Lisa  ရဲ့ မွေးနေ့ရောက်ဖို့ လေးလလောက်လိုသေးပေမယ့် ရန်ပုံငွေတွေကတော့ ဆက်လက်မြှင့်တက်နေဆဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m)

အခုအချိန်မှာတော့ ရန်ပုံငွေ 3 million CNY (457,000 USD) အထိ ရရှိထားပြီဖြစ်ပြီး Lisa  ရဲ့မွေးလ March လရောက်ဖို့ နောက်ထပ်လေးလ ကျန်ရှိနေပါသေးတယ်။ ပရိတ်သတ်တစ်ယောက်ရဲ့ ပို့စ်မှာတော့ Lisa ဟာ သူမရဲ့ fan တွေဆီကနေ ရန်ပုံငွေ 3 million CNY အထိ ရရှိတဲ့ ပထမဆုံး အမျိုးသမီး Kpop အနုပညာရှင်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

 

ရရှိထားတဲ့ ရန်ပုံငွေတွေကို Lisa ရဲ့ မွေးနေ့မှာ လှူဒါန်းသွားမှာဖြစ်ပြီး များစွာသော လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ လူအများအတွက် ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်နော်။

Khin