Running Man ရဲ့ အပျိုကြီး Song Ji Hyo နဲ့ လူပျိုကြီး Kim Jong Kook ကိုတော့ ကိုရီးယားပရိသတ်တွေ တင် ကပဲ အာရှမှာရှိတဲ့ ပရိသတ်တွေ ကပါ အမြန်ဆုံးအစွံ ထုတ်စေချင်နေပါပြီ။Running Man အဖွဲ့ ၀င်တွေ ကလည်း သူတို့ နှစ်ယောက်ကို ကြုံရင် ကြုံသလို အောင်သွယ်ပေးနေ ကြပါတယ်။ဘယ်သူတွေက ဘယ်လိုပဲ တိုက်တွန်း နေပါ စေ ကယကံရှင်နှစ်ယောက်ကတော့ အခုထိ အခြေအနေ ထူးသေးပုံမရပါဘူး။My Ugly Duckling ဆိုတဲ့ ပရိုဂရမ် မှာတော့ Kim Jong Kook တစ်ယောက် ကလေးဆီကနေ တောင် Song Ji Hyo အကြောင်း မေးခွန်းထုတ်တာကို ခံခဲ့ရပါတယ်။ဒီ အကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

Image:IG/Running Man
Image:IG/Running Man
Image:IG/Running Man

ဇူလိုင် (၁၄)ရက်နေ့ တုန်းက SBS ရဲ့ reality show  မှာတော့ Kim Jong Kook နဲ့  HaHa တို့ နှစ်ယောက် EBS ကလေးပညာရေးအစီအစဉ်ကို အတူတူရိုက်ကူးခဲ့ပါတယ်။စင်နောက်မှာ Show အတွက် စောင့် နေကြ တုန်း မှာ လူပျိုကြီး Kim Jong Kook တစ်ယောက် ပရိုဂရမ်မှာ သူတို့နှစ်ယောက်နဲ့ အတူတူ ပါဝင်မယ့် ကလေး နှစ်ယောက် နဲ့ အတူတူ ကစားနေခဲ့ပါတယ်။ကစားနေတဲ့ အချိန်မှာတော့ သားလေးနှစ်ယောက်က Kim Jong Kook  ကို Running Man နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခဲ့ပါတယ်။ကလေးတွေက အစ်မ Ji Hyo  ကို မြင်ဖူးချင်တဲ့ အကြောင်း ပြော ခဲ့ ချိန်မှာတော့ Jong Kook က ” အိုကေ Ji Hyo ကို ဒီ Show ကို လာဖို့ မေးလိုက်မယ်..” လို့ ပြော ခဲ့ပါတယ်။

Image:IG/Running Man
Image:IG/Running Man
Image:IG/Running Man

ရုတ်တရက်ကြီး တခြား ကလေးတစ်ယောက်က..” အစ်မ Ji Hyo ကို ကြိုက်နေတာလား ..” ဆိုပြီး မေးခဲ့ပါတယ်။အဲ့ ဒီ အချိန်မှာတော့ ..” ဘယ်သူလဲ ..? ဦးကလား..?ဦးလား…?” ဆိုပြီး လူပျိုကြီးတစ်ယောက် ကလေးရဲ့ မေးခွန်း ကြောင့် အကျပ်ရိုက်သွားခဲ့ပါတယ်။ကလေးလေးကလည်း ဆက်ပြီးတော့” အစ်မကို ကြိုက်နေတာလား” ဆိုပြီး ထပ်မေး ခဲ့ပါတယ်။မရမကကို လိုက်မေးနေတဲ့ ကလေးလေးကြောင့် ရိုက်ကူးရေးအဖွဲ့ သား တွေရဲ့ Jong Kook ပါ ရယ် မောခဲ့ကြပါတယ်။နောက်ဆုံးမှာတော့..” Ji Hyo ကို လည်း ဒီ Show ကို လာဖို့ ပြောလိုက်မယ်..” ဆိုပြီး ပြန် ဖြေခဲ့ပါတယ်။( မေးတာတခြား ဖြေတာတခြားနော် :P)

Image:IG/Running Man
Image:IG/Running Man
Image:IG/Running Man
Image:IG/Running Man

 

#CELENOW (Source Soompi)