ကိုရီးယားသရုပ်ဆောင်တွေကတော့ အာရှမှာတင်မကပဲ အခုဆိုရင် ဥရောပ နိုင်ငံတွေမှာပါ နာမည်ကြီး အောင်မြင် နေပါပြီ။သရုပ်ဆောင်တွေထဲမှာတော့ တစ်ချို့က အသက်ကြီးမှ အနုပညာလောကထဲကို ၀င်လာတာ ရှိသလို ငယ်ငယ် လေးတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ၀င်လာတဲ့ သူတွေလည်းရှိပါတယ်။ကလေးသရုပ်ဆောင်ဘ၀တည်းက အနုပညာလောကထဲ ၀င်လာတဲ့ သရုပ်ဆောင်(၇)ယောက်ကိုတော့ kstarlive မှာ အခုလို ဖော်ပြထားပါတယ်။

#Kim Sae-ron

Image Source: CJ Entertainment

July 31, 2000 မှာ မွေးဖွားခဲ့သူပါ။Kim Sae-ron ကတော့ A Brand New Life၊The Man From Nowhere ဆိုတဲ့ ဇာတ်ကားတွေ မှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သူပါ။အရွယ်ရောက်လာပြီး ဆယ်ကျော်သက်အရွယ် မှာတော့ A Girl at My Door မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Image:IG/Kim Saeron

#Go Ah-sung

Image Source: KBS2

August 10, 1992 မှာ မွေးတာပါ။The Host ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တာပါ။Snowpiercer, Thread of Lies ၊ Office,  တို့ အပြင် TV ဒရမ်မာဇာတ်ကားတွေဖြစ်တဲ့  Master of Study ၊Heard It Through the Grapevine တို့ကလည်း သူမရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။

Image:IG/Go Ahsung

#Kim Sohyun

Image Source: MBC

June 4, 1999 မှာ မွေးတာပါ။Moon Embracing the Sun  ထဲက ဗီလိန်ကလေးသရုပ်ဆောင်မလေးပါ။အခု ဆိုရင်တော့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်လာခဲ့ပါပြီ။The Emperor: Owner of the Mask (2017) ၊ Radio Romance (2018) တို့ နဲ့ ပရိသတ်နှလုံးသားကို ဖမ်းစားထားသူလေးပါ။

Image:IG/Kim Sohyun

#Yeo Jingoo

Image Source: IFilm Co

August 13, 1997 မှာ မွေးတာပါ။A Frozen Flower, Giant, Moon Embracing the Sun, Missing You ဇာတ်ကားတို့မှာတော့ သူ့ရဲ့ အငယ်ဗားရှင်းကို တွေ့ရမှာပါ။ Hwayi: A Monster Boy (2013) မှာတော့   အရင်ထက်ရင့်ကျက်ပြီး လူကြီးဖြစ်လာတဲ့ သူ့ပုံစံကို တွေ့ရမှာပါ။

Image:IG/Yeo Jingoo

#Jin Ji-hee

Image Source: MBC

March 25, 1999 မှာမွေးတာပါ။Alone in Love (2006)၊Hansel and Gretel (2007),High Kick Through the Roof (2009) ၊Schoolgirl Detectives (2014)  တို့ထဲက မင်းသမီးလေးပါ။

International bnt

#Yoo Seungho

Image Source: Tube Pictures

August 17, 1993 မှာ မွေးတာပါ။The Way Home ထဲက ကလေးလေးပါ။ I’m Not a Robot (2017), နဲ့ SBS’s high school drama My Strange Hero (2018)တို့မှာ တော့ ယောက်ျားပီသပြီး ချောမော နေတဲ့  သူ့ရဲ့ ပုံစံကို တွေ့ရမှာပါ။

Image:IG/Yoo Seungho

#Kim Yu-jeong

Image Source: MBC

September 22, 1999 မှာ မွေးတာပါ။Dong Yi (2010), Moon Embracing the Sun (2012), May Queen (2012) နဲ့  Angry Mom (2015) တို့မှာ ပါဝင်ခဲ့သူလေးပါ။Love in the Moonlight (2016) မှာတော့ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ခဲ့ပါတယ်။

Image:IG/Kim Yoojung

#CELENOW