ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ သူမရဲ့ ချစ်သမီးလေးနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ သမီးလေး မြမိုးဂဂါင်္နဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း သူမရဲ့ ချစ်သမီးလေး မြမိုးဂင်္ဂါနဲ့အတူ ဆယ်လ်ဖီဓါတ်ပုံလေးတွေရိုက်ပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာတင်ထားပါတယ်။ အမေတူ သမီးလေး မြမိုးဂင်္ဂါကတော့ တနေ့တခြားပိုပိုလှလာပြီးတော့ ချစ်စရာလည်း အရမ်းကောင်းတဲ့ အရွယ်တောင်ရောက်နေပါပြီ။

အဆိုတော်ချမ်းချမ်းကတော့ လတ်တလောမှာ ခရီးတွေထွက်နေပြီး နယ်ပွဲတွေမှာ သီဆိုဖျော်ဖြေပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အိမ်ထောင်ရေးပြဿနာလေးတွေရှိခဲ့ပေမဲ့လည်း ပရိသတ်တွေကတော့ ချမ်းချမ်းရဲ့ အိမ်ထောင်ရေးပြန်အဆင်ပြေဖို့ မျှော်လင့်နေကြပါတယ်။ ချမ်းချမ်းနဲ့ သူမရဲ့ မိသားစုကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ချမ်းချမ်းနဲ့ မြမိုးဂင်္ဂါလေးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Chan Chan