ပြည်သူ့အချစ်တော် နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းဟာ ၂၀၁၇ခုနှစ်မှာ အိမ်ထောင်ရေးမပြေလည်မှုတွေကို ကြုံတွေခဲ့ရပြီး နှစ်သစ်မှတော့ စိတ်တွေ တည်ငြိမ်အေးချမ်ဖို့ အတွက် ဘုရားရိပ်၊တရားရိပ်မှာ အေးအေးချမ်းချမ်းနေဖို့ စဉ်းစားထားပုံရပါတယ်။ ဇန်န၀ါရီလ ၈ရက်နေ့မှတော့ “အရာရာကိုခံယူတတ်ဖို့ အတွေ့အကြုံတွေကနေသင်ခန်းစာယူတယ်။ ဘဝဆိုတာဒါပဲလေ ဘယ်သူကမှသေရင် သင့်နောက်မလိုက်ဘူး ဘယ်အရာမှမယူသွားနိုင်ဘူး။ ဒါပေမဲ့ သင်ပြုခဲ့တဲ့အရာတွေဟာစိုက်သည့် အတိုင်းရိတ်ရလိမ့်မယ်နော်မိတ်ဆွေ”လို့ သူရဲ့ ဖေစ်ဘုတ်မှာ ရေးထားပါတယ်။

ချစ်ခြင်းမုန်းခြင်းကင်းတဲ့ ဘ၀မှာ နေတတ်နေပြီလို့လည်း ချမ်းချမ်းကရေးထားပါသေးတယ်။

Source: Chan Mya Nyein