ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ဟာ အိမ်ထောင်ရေးကောလာဟလတွေပြီးနောက်မှာတော့ သူငယ်ချင်းအဖြစ်ပဲ ဆက်လက်ရှိနေတော့မယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးတွေမှာ ချမ်းချမ်းက ဖြေဆိုခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ပြန်လည်ပေါင်းဖက်ပြီး မိသားစုပြန်လည်စုံစည်းဖို့အတွက် မျှော်လင့်ခဲ့ကြပါတယ်။ ဇန်န၀ါရီလ ၇ ရက်နေ့မှာတော့ ဘုဏ်းသိုက်ဟာ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Robin နဲ့ Rasathi မင်္ဂလာပွဲကို အိန္ဒိယ၀တ်စုံနဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ချမ်းချမ်းဟာလည်း သူရဲ့ ချစ်သမီလေးနဲ့အတူ Robin နဲ့ Rasathi တို့ရဲ့ မင်္ဂလာပွဲကို အိန္ဒိယ၀တ်စုံနဲ့ပဲ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Source: Chan Mya Nyein, Hpone Thaik