ထိုင်းမင်းသားကြီး Shahkrit Yamnam ကတော့ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင် တစ်ယောက်ပါ။အသက် (၃၉)နှစ်ရှိနေပြီဖြစ်တဲ့ Shahkrit  ဟာ နောက်အိမ်ထောင် ပြုလိုက် ပါတယ်။လေးနှစ်ကြာပေါင်းသင်းခဲ့တဲ့ “Woosen Virithipa”  နဲ့ ကွာရှင်းပြီးနောက် တစ်နှစ်ေ တာင် မကြာသေးပဲ နောက်အိမ်ထောင်ပြုခဲ့တာပါ။

ပထမအိမ်ထောင်နဲ့ ကွာပြီး အချိန်တို(တစ်နှစ်တောင် မကြာသေးတဲ့အချိန်မှာပဲ) နောက် အိမ်ေ ထာင် ပြုလုပ်တဲ့ အတွက် ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒုတိယအိမ်ထောင်နဲ့ ကို ယ်ဝန်ရနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။လက်ထပ်ထားတာ သိပ်မကြာသေးပေ မယ့် ကိုယ်ဝန်ကြိုတင်ရနှင့်နေတယ်လို့ ပြောဆိုနေကြတဲ့ သတင်းတွေထွက်နေချိန်မှာ Shahkrit တစ်ယောက် နိုင်ငံခြားကို ရောက်နေတဲ့ အတွက် တုံ့ပြန်ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

ထိုင်းကို ပြန်ရောက်လာချိန်မှာတော့ သူနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေ၊ပရိသတ်တွေ သိ ချင်နေတဲ့ အကြောင်းအရာတွေကို တရားဝင် ထုတ်ပြောလိုက်ပါတယ်။မီဒီယာတွေ ရှေ့မှောက် မှာ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း ထုတ်ပြောခဲ့တာပါ။

အပြင်မှာ လူတွေ ပြောနေကြတဲ့ ကိုယ်ဝန်ကိစ္စဟာ မှန်ကန်ကြောင်း၊သူလက်ထပ်လိုက်တဲ့ “Ann Patra,” မှာ ကိုယ်ဝန်သုံးလရှိနေပြီး အမြွှာလေးတွေ ပါလို့ ပြောခဲ့ပါတယ်။ချစ်ကြိုက်ခဲ့ပုံ အကြော င်းကို ပြောလိုက်တဲ့ အခါမှာတော့..ဒီနှစ်အစောပိုင်းလောက် မှာပဲ မိတ်ဆွေတွေဖြစ်ခဲ့ကြောင်း၊ အဲ့ဒီကနေမှ ချစ်သူတွေ ဖြစ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။နောက်အိမ်ထောင်နဲ့ “Ann Patra”  ဟာ ဆယ်လီတော့မဟုတ်ပေမယ့် Brook Danuporn ရဲ့ အတွင်းရေးမှူးအဖြစ် လူသိ များ ပါတယ်။ဒီအကြောင်းကိုတော့ dara မှာဖော်ပြထားတာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။