Chadwick Boseman ရဲ့ကောင်းကြောင်းတွေကတော့ သူတစ်ယောက် လူ့လောကထဲက ထွက်ခွာသွားပြီးကာမှ တစ်ခုပြီးတစ်ခု ဗူးပေါ်သလိုပေါ်လာခဲ့ကြပါတယ်။ အခုလည်း မင်းသမီးတစ်ယောက်က Chadwick Boseman သူမကို ကူညီခဲ့ဖူးတဲ့ အကြောင်းကိုအခုလိုပဲဖွင့်ပြောပြလာခဲ့ပါတယ်။

 

သူမကတော့ Sienna Miller ပါ။ Chadwick Boseman နဲ့ အတူတူ 21 Bridges ဆိုတဲ့ ရုပ်ရှင်မှာ အတူတူတွဲပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အနုပညာလောကမှာက ဝါအရ၊ ဇာတ်ဆောင် သို့မဟုတ် ဇာတ်ပို့တို့ကစပြီး အဆင့်အလိုက် ငွေပေးချေမှုတွေရှိနေပါတယ်။ အဲဒါကို Chadwick Boseman ဟာ Sienna Miller အနေနဲ့ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ အနုပညာကြေးကိုလည်း ညီတူညီမျှရအောင် ကူညီခဲ့ပါတယ်တဲ့။

 

View this post on Instagram

 

A post shared by Sienna Miller News (@siennarmiller) on

 

View this post on Instagram

 

A post shared by Sienna Miller News (@siennarmiller) on

အဲဒါကတော့ Chadwick Boseman ကိုယ်တိုင် Sienna Miller ကိုပေးမယ့် အနုပညာကြေးကို ညီတူညီမျှဖြစ်စေဖို့အတွက် သူ့ရဲ့အနုပညာကြေးထဲကက ခွဲပြီးပေးခဲ့တာပါတဲ့။ ဘာကြောင့်လဲဆိုရင် 21 Bridges ဆိုတဲ့ ရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားခဲ့တဲ့အတွက်ကြောင့် ရိုက်ကူးထုတ်လုပ်ရေးကလည်း စရိတ်အများကြီးသုံးထားခဲ့တာပါ။ ဒီလိုရုပ်ရှင်တွေဆိုရင် အနုပညာကြေးဟာလည်း ပိုပေးတတ်စမြဲပါပဲ။ ဒါပေမဲ့လည်း မင်းသမီး Sienna Miller က ထုတ်လုပ်ရေးကို အနုပညာစရိတ်ပိုပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့တာပါ။ ဒါကို Chadwick Boseman က တာဝန်ယူဖြေရှင်းပေးခဲ့တာပေါ့။

21 Bridges ဆိုတာ Chadwick Boseman ရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

 

View this post on Instagram

 

Cops or Criminals, if you have blood on your hands, Andre will find you. @21BridgesMovie is in theaters November 22. #21Bridges

A post shared by Chadwick Boseman (@chadwickboseman) on

penny