တောင်ကိုရီးယားမင်းသား ha Tae Hyun နဲ့ မင်းသမီး Bae Doo Na တို့အတူတွဲ သရုပ်ဆောင် တဲ့ ဇာတ်ကား သစ်ကို မကြာခင်မှာ တွေ့ရတော့မှာပါ။သူတို့နှစ်ဦးဟာ KBS ဒရမ်မာဇာတ်ကား Be st Divorce‘ မှာဇနီးဟောင်း၊ ခင်ပွန်းဟောင်းတွေ အဖြစ် ပါဝင်သရုပ်ဆောင်ကြမှာပါ။ဒီအကြော င်းကိုတော့ မေလ (၂၅)ရက်နေ့က သတင်းမှာ ဖော်ပြခဲ့တာပါ။သူတို့နှစ်ဦးဟာ ခေါင်းဆောင် မင်းသား၊ မင်းသမီးနေရာကနေ ပါဝင်သွားကြမှာပါ။

‘Best Divorce’  ကတော့ ကွာရှင်းသွားတဲ့ စုံတွဲတစ်တွဲ၊နောက်တစ်ကြိမ်ပြန်ပြီး တွဲဖို့၊အချစ်တွေကို ပြန်အသက်ဝင်ဖို့ ကြိုးစားကြတဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ကတော့ Cha Tae Hyun တစ်ယောက် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရိုက်တဲ့ ဇာတ်ကား ပါ။KBS ရဲ့ ဒရမ်မာစီးရီးဇာတ်ကား ‘Hit the Top ရိုက်ကူးပြီးတည်းက Cha Tae Hyun တ စ်ယောက် ဇာတ်ကားသစ်မရိုက်တာကြာခဲ့ပါပြီ။

Bae Doo Na  အဖို့ကတော့ ဒီကားဟာ (၇) နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရိုက်တဲ့ ကိုရီးယား ဒရမ်မာကားပါ။(၂၀၁၁) က MBC ဒရမ်မာကား ‘Gloria ပြီးတည်းက သူမကို ဇာတ်ကားတွေ မှာ မတွေ့ရတာ အခုထိပါ။သူတို့နှစ်ယောက်ရဲ့ ‘Best Divorce’ ကိုတော့ ဒီနှစ်နှောင်းပိုင်းလောက်မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

 

Source allkpop