၂၀၁၇ခုနှစ်ဟာ ဟောလိဝုဒ်အနုပညာလောကအတွက်လည်း တကယ်ကို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို ဆုံးရှုံးခဲ့ရတဲ့ နှစ်တစ်နှစ်ပါ။ အခုဖေါ်ပြပေးမယ့် အနုပညာရှင်တွေကတော့ ၂၀၁၇ ခုနှစ်မှာ ကြွေလွင့်သွားတဲ့ အနုပညာရှင်အချို့ဖြစ်ပါတယ်။
1.Hugh Hefner
အသက် (၉၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hugh Hefner ကတော့ Playboy မဂ္ဂဇင်း ရဲ့ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး စက်တင်ဘာလ၂၇ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Hugh Hefner ဟာ လွတ်လပ်စွာပြောရေးဆိုခွင့်၊ အမျိုးသားအခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးတွေအတွက်လည်း ထောက်ခံကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်လို့ သူရဲ့သား Cooper Hefner ကပြောပြခဲ့ပါတယ်။ Hugh Hefner ဟာ အချိန်အတော်ကြာတည်ရှိခဲ့တဲ့ Playboy မန်းရှင်းရဲ့နေထိုင်မှုပုံစံကို အတွင်းကျကျဖေါ်ပြခဲတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ “သူရဲ့ မိန်းမနဲ့ သမီး Christie တို့အပါအ၀င် ကျွန်တော်တို့တွေ အားလုံး သူ့ကိုလွမ်းနေကြမှာပါ”လို့ Cooper Hefner က ပြောခဲ့ပါတယ်။
2.Chester Bennington
Linkin Park အဖွဲ့ရဲ့ အဓိကအဆိုရှင် Chester ရဲ့သေဆုံးမှုကတော့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူသေဆုံးတဲ့အချိန်မှာတော့ အသက် ၄၁ နှစ်ရှိပြီဖြစ်ပါတယ်။ သူသေဆုံးတဲ့နေ့ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ သူငယ်ချင်း Chris Cornell ရဲ့ ၅၃နှစ်ပြည့်မွေးနေ့နဲ့ တထပ်တည်းကျခဲ့ပါတယ်။
3.Roger Moore
James Bond မင်းသားဟောင်းကြီးတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အသက် ၈၉နှစ်မှာ မေလ ၂၃ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
Source: US Weekly