အချို့သော ကိုရီးယားဆယ်လီတွေရဲ့ အချစ်ရေးတွေက ရုပ်ရှင်ကားတွေထဲကလိုပဲအရမ်းကို ရိုမန်တစ်ဆန်ပါတယ်။ အခုဖေါ်ပြပေးမယ့် ဆယ်လီစုံတွဲတွေကတော့ ရုပ်ရှင်ကားထဲမှာ ရိုမန်တစ်ဆန်တယ်ဆိုတာထက်ပိုရိုတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ သူတွေဖြစ်ပါတယ်။

  1. Song Joong Ki နဲ့ Song Hye Kyo

သူတို့နှစ်ဦးကတော့ Descendants of the Sun ရုပ်ရှင်ဇာတ်ကားထဲမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီဇာတ်ကားပြနေတဲ့ အချိန်ကတည်း အတွဲညီလွန်းတဲ့သရုပ်ေ်ဆာင်မှုတွေကြောင့် သူတို့နှစ်ယောက်တွဲနေတယ်လို့ ပရိသတ်တွေက သံသယရှိခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်မှာတော့ SongSong စုံတွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲသတင်းကို တရားဝင်ကြေညာခဲ့ပါတယ်။

2. Taeyang နဲ့ Min Hyo Rin

သူတို့နှစ်ဦးကတော့ Taeyang ရဲ့ သီချင်းဗီဒီယိုမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ကြမယ့်အကြောင်းကို Taeyang ကသူ့ရဲ့ အင်စတာဂရမ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

3. Ahn Jae Hyun နဲ့ Goo Hye Sun

ဒီစုံတွဲကတော့ Blood ဒရာမာမှာ အတူတူတွဲဖက် သရုပ်ဆောင်ရင်းကနေချစ်သူတွေဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

4. Joo Sang Wook နဲ့ Cha Ye Ryun

သူတို့နှစ်ဦးကတော့ ၂၀၁၅ခုနှစ်မှာ ရိုက်ကွင်းပေါ်မှာပဲ ရုပ်ရှင်ရိုက်ရင်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ လက်ထပ်ခဲ့ကြပြီးတော့ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖို့ပြင်ဆင်လျက်ရှိပါတယ်။

5. Chu Ja Hyun နဲ့ Yu Xiaoguang

တရုတ်ဒရာမာတစ်ခုမှာ အတူတူ တွဲဖက်သရုပ်ဆောင်ရင်းနဲ့ ဆုံတွေ့ခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေးကို ၂၀၁၅ ခုနှစ်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

Source: Koreaboo