လူမှုကွန်ယက်တွေထဲမှာ Instagram ကလည်း နိုင်ငံတကာ အနုပညာရှင်တွေ တော်တော်များများ အဓိကသုံးစွဲတဲ့ လူမှုကွန်ယက် တစ်ခု ဖြစ်ပါတယ်။ လူမှုကွန်ယက် လုံးဝ မသုံးတဲ့ အနုပညာရှင်တွေ ရှိသလို IG ပေါ်မှာ ရှိနေတဲ့ အနုပညာရှင်တွေထဲမှာတော့ Follower ပေါင်း သန်းချီ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ kstarlive ကနေ ဖော်ပြထားတဲ့ တောင်ကိုရီးယားမှာ Follower အများဆုံး ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား အနုပညာရှင်စာရင်းကို ဖော်ပြပေးလိုက်ရပါတယ်နော်။
(၁) Lisa (Blackpink) – Followers ၃၉.၃ သန်းကျော်
အားလုံး အချစ်တော် လီဆာလေးကတော့ ထိပ်ဆုံးမှာ Follower အများဆုံးနဲ့ ရပ်တည်နေပါတယ်။ Blackpink ရဲ့ ၂၀၂၀ မှာ ရတဲ့ အောင်မြင်မှုတွေကလည်း အံ့မခန်းပါပဲ။
(၂) Jennie (Blackpink) – Followers ၃၂.၆ သန်းကျော်
ညို့အားပြင်းတဲ့ Blackpink က Jennie ကလည်း ဒုတိယ Follower အများဆုံး ရှိနေပါတယ်။ ဒီနှစ်တွေကတော့ သူမအဖွဲ့ရဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရနေတဲ့ နှစ်ပါပဲ။
(၃) Rose (Blackpink) – Followers ၂၉.၃ သန်းကျော်
ထပ်ဆုံး Follower အများဆုံးသူတွေထဲမှာ Rose လည်း တစ်ယောက် အပါအဝင်ပါပဲ။ မိန်းကလေး ပရိသတ်တွေရော၊ ယောင်္ကျားလေး ပရိသတ်တွေပါ ပိုင်ဆိုင်ထားကြတာမို့ Follower အများဆုံး ဖြစ်နေကြတာ မဆန်းပါဘူးနော်။
(၄) Jisoo (Blackpink) – Followers ၂၈.၆ သန်းကျော်
Follower အများဆုံး အနုပညာရှင်စာရင်းမှာ Jisoo ကလည်း ကျန်မနေခဲ့ပါဘူး။ ပိန်ပါးပါးလေးနဲ့ ကြည့်ကောင်းလွန်းနေတဲ့ သူမကလည်း ပရိသတ်ပေါင်းမြောက်များစွာ ပိုင်ဆိုင်ထားပါတယ်။
(၅) Chanyeol (EXO) – Followers ၂၂.၂ သန်းကျော်
အသားအရေ သိပ်ကို လှလွန်းလို့ ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ Chanyeol ကလည်း Follower အများဆုံး စာရင်းမှာ ရှိလို့ နေပါတယ်။ အလှကုန်ပစ္စည်းကြေငြာတွေနဲ့ လိုက်ဖက်လွန်းပြီး ကောင်မလေးတွေရဲ့ အချစ်ကို အရယူထားသူလည်း ဖြစ်ပါတယ်။
(၆) Sehun (EXO) – Followers ၂၀.၆ သန်းကျော်
ယေင်္ကျားဆန်ပြီး ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Sehun ကလည်း မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်လွန်းသူလေးပဲ ဖြစ်ပါတယ်။
View this post on Instagram
(၇) Lee Minho – Followers ၁၉.၆ သန်းကျော်
မိန်းကလေး တော်တော်များများရဲ့ အချစ်ဦး ဖြစ်ခဲ့ဖူးတဲ့ Lee Minho ကတော့ ရိုက်သမျှ ဇာတ်ကားတိုင်းမှာ မိန်းကလေးတွေရဲ့ ကြိုက်နှစ်သက်မှုကို သိမ်းယူထားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်ကြာအောင် အချစ်တွေကို ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။
View this post on Instagram
(၈) Baekhyun (EXO) – Followers ၁၈.၇ သန်းကျော်
ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် သူတို့ အသက်မရွေးက ပရိသတ်တွေက ချစ်ကြပါတယ်။ တကယ့်ကို ဖြူစင်တဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားသူပါပဲနော်။
(၉) GDragon (BIGBANG) – Followers ၁၈.၇ သန်းကျော်
ဖက်ရှင် အလန်းကြီးတွေနဲ့ အမြဲတမ်း ပရိသတ်ကို ဖမ်းစားနိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ G-Dragon ပါ။ သူကလည်း ခပ်မိုက်မိုက် ဒီဇိုင်းနဲ့ မိန်းကလေးတွေရဲ့ အချစ်ကို ရရှိထားပါတယ်။
Kham