အခုဖေါ်ပြပေးမဲ့ အနုပညာရှင်တွေကတော့ ကိုရီးယားနိုင်ငံသား ကိုရီးယားလူမျိုးတွေဖြစ်ကြပေမဲ့ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေအဖြစ် အထင်လွဲခံရလေ့ရှိတဲ့ သူတွေဖြစ်ပါတယ်။

1. Moon Gabi

နိုင်ငံခြားသားတစ်ဦးလားလို့ အထင်မှားစရာရုပ်ရည်နဲ့ သူမကတော့ ကိုရီးယားလူမျိုးစစ်စစ်ဖြစ်ပါတယ်။သူမကတော့ Talkmon ဆိုတဲ့ အစီအစဉ်တစ်ခုမှာ သူမရဲ့ အသားအရည်ဟာ နေလောင်ခံခဲ့တာ မဟုတ်ပဲ မွေးကတည်းက အသားအရည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

2. Kim Ji Won

Descendants of the Sun  ရုပ်ရှင်ဇာတ်လမ်းနဲ့ နာမည်မကြီးခင်က သူမရိုက်ကူးခဲ့တဲ့ ဆိုဒါ ကြော်ငြာကြောင့် ပရိသတ်အချို့ဟာ သူမကို နိုင်ငံခြားသားအဖြစ်အထင်မှားနေကြတယ်ဆိုတဲ့ အကြောင်းကို Kim Ji Wonက ပြောပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ Kim Ji Wonကလည်း ဘာမှမရောတဲ့ ကိုရိးယား စစ်စစ်တစ်ယောက်ပါ။

3.SEVENTEEN’s S.Coups

အင်တာနက်မှာဆိုရင်တော့ S.Coups ဘာလူမျိုးလဲဆိုတာကို ပရိသတ်တွေက တော်တော်လေးရှာဖွေကြပါတယ်။ သူရဲ့ ရုပ်ရည်ကတော့ နိုင်ငံခြားသားအဖြစ် အထင်လွဲမယ်ဆိုလည်း လွဲချင်စရာပါ။ ဒါပေမဲ့ S.Coupsကလည်း ရေမရောတဲ့ ကိုရီးယားစစ်စစ်တစ်ယောက်ဖြစ်ပါတယ်။

4.Highlight’s Dongwoon

သူကတော့ ကိုရီးယားနဲ့ မတူတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ ကေပေါ့အဆိုတော်တစ်ဦးပါ။ အဆိုတော် စဖြစ်စဉ်အချိန်ကဆို ပရိသတ်တွေက သူကို အရှေ့အလယ်ပိုင်းကလို့ အထင်မှားခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ သူ့ကို အာရပ်မင်းသားလေးလို့ ခေါ်ကြပါတယ်။

5.Lee Dong Wook

သူရဲ့ မျက်နာပေါ်မှာထင်ထင်ရှားရှားရှိလှတဲ့ မျက်လုံး၊မျက်ခုံးနဲ့ နှာခေါင်းပုံစံတို့ကြောင့် ကိုရီးယားတွေရဲ့ မျက်နာနဲ့ ပုံစံသိပ်မတူပါဘူး။ Lee Dong Wook က သူရဲ့ ဆံပင်ကို ရွှေအိုရောင်ဆိုးလိုက်တဲ့ အခါမှာတော့ ပရိသတ်တွေဟာ Lee Dong Wook ရဲ့ ရုပ်ရည်ကို နိုင်ငံခြားသားတစ်ယောက်အလား အထင်မှားသွားကြရပါတယ်။ ဒါပေမဲ့ သူကလည်း ကိုရီးယားစစ်စစ်တစ်ယောက်ပါ။

 

Source: Koreaboo