တောင်ကိုရီးယားမှာဆိုရင်တော့ မင်းသားဖြစ်ဖြစ်၊ အဆိုတော်ဖြစ်ဖြစ် အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ငယ်တဲ့ အသက်အရွယ်တည်းက အနုပညာနယ်ပယ်တွေမှာ ဝင်ဆန့်အောင်ကြိုးစားပြီး နေရာတစ်နေရာရဖို့ ကြိုးစားကြရပါတယ်။ အနုပညာရှင်တွေ အတွက်တော့ သူတို့ရဲ့ ငယ်ရွယ်စဉ်ကာလတစ်လျှောက်မှာ ကြိုးစားခဲ့တာတွေဟာ အသက်ကြီးတဲ့ အချိန်မှာ ပရိသတ်သိတဲ့ ထိပ်တန်းအနုပညာရှင်ဖြစ်ဖို့ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။

ကိုရီးယားရဲ့ ပညာရေးစနစ်မှာတော့ အထက်တန်းကျောင်းမှာ ဘွဲ့ရပြီးမှသာ၊ ကော်လိပ် ဒါမှမဟုတ် တက္ကသိုလ်တစ်ခုခုကို တက်နိုင်မှာ ဖြစ်ပါတယ်။ အခုဖေါ်ပြပေးမယ့် အနုပညာရှင်တွေကတော့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ် နိုင်ဖို့အတွက် ပညာရေးပိုင်းကို လက်လျှော့ပြီး ကျောင်းနားခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

1. Girls’ Generation အဖွဲ့ဝင် Taeyeon

သူမကတော့ အသက် (၁၈)နှစ် အရွယ်မှာ အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ ကျောင်းပညာရေး မပြီးဆုံးခဲ့ပါဘူး။

2. IU

သူမကတော့ အသက် (၁၅)နှစ်မှာ တက်သစ်စအဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

3. Boa

သူကတော့ အသက်( ၁၄)နှစ်မှာ အဆိုတော်အဖြစ်ပွဲဦး ထွက်ခဲ့တာဖြစ်ပါတယ်။

4. Yoo Seungho

သူကတော့ အသက် ၆နှစ်မှာ ကလေး သရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

5. Suzy

သူကတော့ အသက် (၁၆)နှစ်မှာ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။

Source: Kstarlive