၂၀၁၇ ခုနှစ် ဖေဖ်ာဝါရီလ ၅ ရက်နေ့မှာပဲ ပြုလုပ်ခဲ့တဲ့ Super Bowl ပွဲမှာ Cardi B နဲ့ Offset တို့ ဒိတ်လုပ်နေပြီဆိုပြီး တရားဝင်ပြသခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက နှစ်ယောက်သားဒိတ်လုပ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် Superbowl ပွဲကျမှ တရားဝင်တွဲခဲ့ကြတာပါ။ နောက်မကြာခင်မှာပဲ Lick ဆိုတဲ့ music video မှာ အတူတူတွဲပြီး သီချင်းဆိုသရုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ နှစ်ယောက်သားရဲ့ ဆက်ဆံရေးဟာ တမူထားခြားနေတယ်ဆိုတာ ပိုပြီး သေချာသွားခဲ့ပါတော့တယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

ဒါပေမဲ့လည်း ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကျမှ Cardi ဖက်ကနေပြီး သူတို့ဒိတ်လုပ်နေပြီဆိုတာကို ဝန်ခံထုတ်ပြောခဲ့တာပါ။ Cardi အနေနဲ့ Offset ကိုရော Offset ရဲ့ သူငယ်ချင်းတွေနဲ့ရော ဘဝမှာ တွေ့ခွင့်ရခဲ့တာဟာ သူ့ဘဝအတွက်ကံကောင်းခြင်းတစ်ပါးပါပဲတဲ့။ နောက် ၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာပဲ Cardi ဟာ Offset နဲ့ စေ့စပ်ကြောင်းလမ်းတော့မယ့်အကြောင်း MTV Video Music Awards မှာပဲ အရိပ်အမြွက်ပြောပြလာခဲ့ပါတယ်။ “အမျိုးသမီးတိုင်းကတော့ လက်ထပ်ချင်၊ ကလေးမွေးချင်ကြတာချည်းပဲ။ ဒေါကြာင့် ကျွန်မကို လက်ထပ်ခွင့်တောင်းချင်တဲ့လူရှိရင်လည်း တောင်းလို့ရတယ်” ဆိုပြီး Offset ကို အရိပ်အမြွက်ပေးခဲ့တယ်ပေါ့လေ။

 

View this post on Instagram

 

All white and pearly.

A post shared by Cardi B (@iamcardib) on

ကြားထဲမှာ စိတ်ဆိုးစိတ်ကောက်ပြီး single ပါလို့ ကြေငြာခဲ့ပေမယ့်လို့ အဲဒီလထဲမှာပဲ Offset ဟာ Cardi ကို လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။ နောက် ၂ လအကြာမှာပဲ Offset တစ်ယောက် ဖောက်ပြန်တဲ့သတင်းတွေ ထွက်လာခဲ့ပြီးတော့ ၂၀၁၈ ဇန်နဝါရီလမှာပဲ Cardi B ရဲ့ နာမည်ကို Offset ရဲ့ လည်ပင်းမှာတက်တူးထိုးခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့မှာပဲ Saturday Night Live မှာ ကိုဝန်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား powerful couple ဖြစ်လာခဲ့ပြီးတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ သူတို့ဟာ တိတ်တိတ်လေးလက်ထပ်ထားခဲ့တာ ၉ လလောက်ရှိနေပြီဆိုပြီးတော့ ထပ်ပြောခဲ့ပြန်တယ်။ ဇူလိုင်လ ထဲမှာပဲ သမီးလေး Kulture ကို မွေးခဲ့ပြီးတော့ ဒီဇင်ဘာလထဲမှာပဲ နှစ်ယောက်သား လမ်းခွဲလိုက်ပြီဆိုပြီး ကြေငြာခဲ့ပါတယ်။

၂ လအကြာမှာပဲ ပြန်တွဲခဲ့ပြီးတော့ Cardi B ဟာလည်း Offset နာမည်ကို တက်တူးထိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကြားထဲမှာ Offset အနေနဲ့ ဖောက်ပြန်မှုတွေဖြစ်လာခဲ့တဲ့အတွက်ကြောင့် ဘာသာရေးအကူအညီတွေကိုလည်း ယူပြီး Cardi B ဟာ Offset ကို နားချခဲ့ပါတယ်။ နောက်ပိုင်း grammy ဆုပေးပွဲတွေလည်း အတူတူတွဲတက်၊ မွေးနေ့တွေမှာလည်း ရိုပြီးတော့ အမေများနေ့မှာတောင်မှပဲ Cardi ကို Offset က ဂုဏ်ပြုတာတွေဘာတွေ လုပ်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

ဒါပေမဲ့လည်း ၂၀၂၀ ခုနှစ် စက်တင်ဘာလထဲမှာ Offset နဲ့ တရားဝင်ကွာရှင်းဖို့အတွက် စာတင်ခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း အရင်အပတ်တုန်းက Cardi ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ပွဲမှာ Offset ဟာ Roll Royce ကားကြီးပေးပြီးတော့ အတူတူအနမ်းချင်းဖလှယ်ရင်းနဲ့မှ ပြန်တွဲခဲ့ကြပြီးတော့ အခုကျတော့ Cardi ဟာ မီဒီယာတွေဆီကို Cardi B တစ်ယောက် Offset ကို ကွာရှင်းဖို့ လုပ်ခဲ့တယ်ဆိုတာကို နောင်တအရမ်းရနေပြီလို့ပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

အရင်းနှီးဆုံးလူသားတစ်ယောက်၊ ချစ်ရတဲ့လူတစ်ယောက်အကြောင်း မပြောဘဲ အရင်လိုမျိုးလည်း မနက်မိုးလင်းတိုင်း မြင်နေကျလူကို မမြင်တွေ့ရတော့တာ တော်တော်လေးကို ဝဋ်ဒုက္ခရောက်စေပါတယ်တဲ့။ ဆိုတော့ အခုလည်း သူတို့နှစ်ယောက်ဟာ အတူတူပြန်အဆင်ပြေပြီးတော့ တွဲနေကြပြန်ပါပြီ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

penny