ကမ္ဘာကျော်ထိပ်တန်းအမျိုးသမီးရက်ပ်တစ်ယောက်ဖြစ်တဲ့ Cardi B ကတော့ ခင်ပွန်းသည်နဲ့ကွာရှင်းဖို့အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မနေ့ညတုန်းကပဲ ထွက်ပေါ်လာခဲ့ပြီး မီဒီယာတွေပေါ်တက်လာခဲ့ပါတယ်။

Cardi B ဟာ Migos အဖွဲ့ထဲက ရက်ပ်ပါ Offset နဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ နောက် Kulture ဆိုတဲ့ ချစ်စရာသမီးလေးကိုလည်း ပိုင်ဆိုင်ခဲ့ကြတာပါ။ ဒီအပြင် Offset ရဲ့ surprise လုပ်တာတွေ၊ လက်ဆောင်တွေအပြင် နှစ်ယောက်သား အနုပညာလှုပ်ရှားမှုတွေလည်း အတူတူလုပ်နေခဲ့ရင်း Cardi B ဖက်က ကွာရှင်းခွင့်တောင်းတယ်ဆိုတော့ ဘာတွေများဖြစ်လို့လဲ၊ Cardi B နဲ့ Offset တို့ကြား ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာ ကြည့်လိုက်ရအောင်။

 

 

View this post on Instagram

 

My papasoteee

A post shared by Cardi B (@iamcardib) on

 

 

View this post on Instagram

 

Ok it’s time to turn up 🎀

A post shared by Cardi B (@iamcardib) on

၂၀၁၈ ခုနှစ်ကတည်းက ခွဲနေနေကြတဲ့သူတို့နှစ်ဦး

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တုန်းက Cardi B ကိုယ်တိုင် Offset နဲ့ ခဏခွဲနေနေတယ်ဆိုပြီး ပြောလာခဲ့တာပါ။ နှစ်ယောက်သား မိတ်ဆွေကောင်းတွေဖြစ်သလို လုပ်ငန်းပိုင်းမှာလည်း ပါတနာကောင်းတွေဖြစ်ပေမယ့် အိမ်ထောင်ရေးနဲ့ပတ်သက်တာကိုတော့ အဖြေရှာဖို့ ကြိုးစားနေခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါဟာ ဘယ်သူ့အမှားမှမဟုတ်ပါဘူးလို့လည်း Cardi B က ဖြည့်ပြောခဲ့ပါသေးတယ်။

 

ခွင်ပွန်းဖောက်ပြန်မှုတွေကို ခါးစည်းခံခဲ့ရတဲ့ Cardi B

၂၀၁၇ ခုနှစ်ဒီဇင်ဘာလကတည်းက Offset နဲ့ တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Offset ဟာ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေ ပွထပြီးတက်လာခဲ့ကြတယ်။ ဗီဒီယိုဖိုင်တွေနဲ့တကွ သက်သေတွေထွက်ခဲ့တာပါ။ Cardi B တောင်မှပဲ အမျိုးသမီးတချို့နဲ့ပြဿနာတက်ရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ နောက် အခုနှစ် မေလလောက်တုန်းကလည်း Cardi B တစ်ယောက် ဗီဒီယိုရိုက်ပြီး Offset အခန်းထဲဝင်သွားတုန်း Offset တစ်ယောက် ဂိမ်းဆော့နေတုန်းမှာပဲ သူ့ရဲ့ဖုန်းကို အမြန် အိတ်ထဲကောက်ထည့်လိုက်တာဟာလည်း မသင်္ကစရာဆိုပြီး ပရိတ်သတ်တွေက ထင်ကြေးပေးနေခဲ့ကြတာပါ။ Cardi B တစ်ယောက် Kulture လေးကို ကိုယ်ဝန်လွယ်ထားရစဉ်မှာပဲ Offset နဲ့ကလေးရခဲ့တဲ့ Shya L’amour ဆိုတဲ့ အမျိုးသမီးဟာ Offset ကို “အတူနေကြဦးမှာလား” ဆိုတဲ့ message တွေလည်း ပို့ခဲ့ဖူးပါတယ်တဲ့။

 

သမီးလေးအတွက်စောင့်ရှောက်ခွင့်ကို အပြည့်အဝရဖို့ပါ လျှောက်ထားခဲ့

မကြာသေးခင်ကမှ ၂ နှစ်ပြည့်ထားခဲ့တဲ့ သမီးလေး Kulture Kiairi Cephus ကိုတော့ Cardi B ဟာ တစ်ဦးတည်းစောင့်ရှောက်ခွင့်ကို တင်ပြခဲ့ပါတယ်။ တရားရုံးဖက်ကတော့ လုပ်ထုံးလုပ်နည်းအရဆိုရင် ကလေးအတွက် ဘယ်သူက စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ငွေကြေးပိုင်းမှာပါ အကောင်းဆုံးဖြစ်မလဲ၊ ဘယ်သူ့လက်ထဲမှာ ပိုလုံခြုံမလဲဆိုတာကို သေချာလေး စီစစ်ပြီးကာမှ ဆုံးဖြတ်ချက်ချမှာပါ။ လက်တလောမှာတော့ အပြင်လူဖက်က ကြည့်မယ်ဆိုရင် Cardi B ကတော့ အသာစီးရနေပါတယ်။

 

View this post on Instagram

 

Me and my babe 🎀

A post shared by Cardi B (@iamcardib) on

လက်ရှိသူတို့နှစ်ဦးရဲ့အခြေအနေ

ပြီးခဲ့တဲ့ အင်္ဂါနေ့၊ နေ့လည်ဖက်တုန်းက Atalanta ရဲ့ တရားရုံးမှ စာရေးတစ်ဦးဟာ Cardi B နဲ့ Offset တို့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းကို သက်သေနဲ့တကွ အတည်ပြုလိုက်ခဲ့ပါတယ်။ ဒီအပြင် သူတို့နှစ်ယောက်ဆီမှာရှိနေတဲ့ အကြွေးကိစ္စတွေကိုလည်း တစ်ယောက်တစ်ဝက်ခွဲပြီး တာဝန်ယူဖို့နဲ့ ကွာရှင်းဖို့ ကုန်ကျစရိတ်တွေအားလုံးကိုလည်း Offset ကိုပဲ တာဝန်ယူဖို့၊ ဒီအပြင် လျော်ကြေးပါရဖို့အတွက်ပါ စာတင်ထားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Offset ဖက်ကတော့ ဘာမှပြောကြားခြင်း မရှိသေးပါဘူး။

 

View this post on Instagram

 

I be wanting to eat him

A post shared by Cardi B (@iamcardib) on

 

penny