လက်ရှိ ကမ္ဘာ့နံပါတ်တစ် အမျိုးသမီးရက်ပ်အဆိုရှင်လို့ ဆိုနိုင်တဲ့ Cardi B ကတော့ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Cardi B ဟာ မနေ့ကပဲ အသက် ၂၈ နှစ်ပြည့်သွားခဲ့ပါပြီ။

အနုပညာရှင်ဖြစ်ပြီးကတည်းက Cardi ဟာ သူမရဲ့မွေးနေ့ကို နီးစပ်ရာအသိုင်းအဝိုင်းတွေနဲ့ ခမ်းခမ်းနားနားပျော်ပျော်ရွှင်ရွှင်ကျင်းပနေကျဖြစ်ပြီးတော့ အခုတစ်နှစ်မှာလည်း ကိုဗစ်ဖြစ်နေတဲ့ကြားထဲကမှ မွေးနေ့ပါတီကျင်းပခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

ကလပ်မှာပဲ သောက်ကြ၊ စားကြ၊ ကကြ၊ ခုန်ကြနဲ့ Cardi ရဲ့ မွေးနေ့ပရိတ်သတ်တွေထဲမှာ မကြာသေးခင်ကမှ Cardi ဖက်ကနေ ကွာရှင်းခွင့်အသည်းအသန်တောင်းထားခဲ့တဲ့ သူမရဲ့ ခင်ပွန်းဟောင်း Offset လည်းပါဝင်နေပါသေးတယ်။ သူတို့နှစ်ယောက် ကွာရှင်းထားတာမှ ၁ လလောက်ပဲ ရှိဦးမှာဖြစ်ပြီးတော့ ခါးခါးသီသီးဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခု မွေးနေ့ပွဲမှာကျတော့လည်း Offset အနေနဲ့ မိတ်ဆွေအဖြစ် ပါတီတက်တာမဟုတ်ဘဲ Cardi B တစ်ယောက် Offset ကို ဖက်ပြီးအနမ်းပေးခဲ့တဲ့အထိကို ဖြစ်နေခဲ့တာပါ။

Instagram- @iamcardib
Instagram- @iamcardib

ဒီအပြင် Offset အနေနဲ့ Cardi ရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့မှာ Roll Royce ကားကြီးတစ်စီးကိုလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်။

Cardi ရဲ့ Instagam မှာလည်း သမီးလေးဖြစ်သူ Kulture က မွေးနေ့ဆုတောင်းပေးထားတယ်ဆိုတဲ့ လမ်းမလယ်ကောင်က ဆိုင်းဘုတ်ကြီးကို ဗီဒီယိုရိုက်ကာ သူမအနေနဲ့ ဘယ်လောက်တောင် ပျော်ရွှင်ပြီး အံ့သြနေသလဲဆိုတာကို မြင်တွေ့ရမှာပါ။

 

 

View this post on Instagram

 

Thank you sir 😏😏😏I love it

A post shared by Cardi B (@iamcardib) on

penny