BTS ဟာ Map of the Soul ON:E လို့ အမည်ပေးထားတဲ့ online concert ကိုအောက်တိုဘာ ၁၀ရက်နေ့တုန်းက ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ Jimin က ဖျော်ဖြေပွဲအတွက် မပြင်ဆင်ခင်မှာ အရာတော်တော်များများကို မမျှတဘူးလို့ သူခံစားရကြောင်း ပြောပြခဲ့ပါတယ်။ ကိုဗစ်ဖြစ်သွားပြီးတဲ့နောက် ပရိသတ်တွေကို သူဖျော်ဖြေချင် ပျော်စေချင်တဲ့စိတ်ဟာ အရာအားလုံးထက်ပိုပါတယ်ပြောပါသေးတယ်။

Jimin က “encore လုပ်နေတုန်း ပရိသတ်တွေအများကြီးက ပျော်နေတာကိုတွေ့လို့ ဆွံ့အမိတယ်။ အဲ့ဒီကတည်းက ကျွန်တော် သေချာအာရုံမစိုက်နိုင်တော့ဘူး။ ဒါပေမဲ့ အားလုံးကို ဒီလိုမြင်ရတာပျော်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်ပြင်ဆင်ထားခဲ့သလောက် စင်ပေါ်မှာ အာရုံမစိုက်နိုင်တာ ဝမ်းနည်းပါတယ်။ ဖန်သားပြင်ပေါ်ကနေပြီး ကျွန်တော်တို့ကိုမျှော်လင့်အားပေးနေလို့ ကျေးဇူးအများကြီးတင်တယ်။ ကျွန်တော်တို့ ပြင်ဆင်ထားခဲ့သလောက် အကောင်းဆုံးပေးနိုင်ခဲ့ရဲ့လားတော့မသိဘူး။ ဒါပေမဲ့ အကောင်းဆုံးလုပ်ခဲ့တာတော့ သေချာပါတယ်။ ကျွန်တော်တို့အတွက် အမြဲရှိနေမယ့် ARMY တွေကို ကျေးဇူးတင်တယ်။” ဆိုပြီး မျက်ရည်ကျကာ ပြောသွားခဲ့တာ ဖြစ်တယ်။

လင်းလင်း