BTS အဖွဲ့ဝင် V ကတော့ အားလုံးကို အံ့သြသွားစေမယ့် ခေတ်ဟောင်းဖက်ရှင်ကို ဝတ်ဆင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ January 10 ရက်နေ့က BTS အဖွဲ့ဟာ KINTEX, Ilsan မှာကျင်းပပြုလုပ်တဲ့ သုံးဆယ့်ငါးကြိမ်မြောက် ‘Golden Disc Awards’ ပွဲကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
အဲဒီ့ပွဲအခမ်းအနားကို BTS အဖွဲ့ဝင်အားလုံးက ဝတ်စုံပြည့်တွေနဲ့ တက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးထဲမှာမှ V ရဲ့ အဝါရောင်ဖက်ရှင်ဟာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ V ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာ အဝါရောင်ဖြစ်ရုံတစ်ခုတည်းမဟုတ်ပဲ လုံးဝကို ခေတ်ဟောင်း ဖက်ရှင်မျိုး ဖြစ်နေခဲ့တာပါနော်။
View this post on Instagram
V ဟာ ခေတ်ဟောင်းဖက်ရှင်ကို ဝတ်ဆင်ထားပေမယ့်လည်း သူ့ရဲ့ပုံစံက အရမ်းကိုကြည့်ကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဖက်ရှင်ကြောင့်ပဲ လူအများစုရဲ့ ချီးကျူးပြောဆိုခြင်းကို ခံခဲ့ရပါသေးတယ်နော်။
View this post on Instagram
ဒီပွဲမှာ BTS အဖွဲ့က ဖျော်ဖြေမှုပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဒါကိုကြည့်မိတဲ့ပရိတ်သတ်တွေက ခုလိုမျိုး ကော်မန့်တွေကို ရေးသားခဲ့ကြပါတယ် “V တစ်ယောက်ပဲ ဒီဝတ်စုံနဲ့ လိုက်တာ မြင်ဖူးသေးတယ်” “ဒီလိုဝတ်စုံမျိုးနဲ့တောင် ဘာလို့ဒီလောက် ကြည့်ကောင်းနေရတာလဲ LOL” “V ကလွဲပြီး ဘယ်သူမှ ဒါနဲ့မလိုက်ဖက်ဘူး” စသဖြင့် ပြောကြားထားခဲ့ကြတာပါ။
Khin