Kpop boy group BTS အဖွဲ့ကတော့ GRAMMY Awards  အတွက် nomination စာရင်းမှာ ပါဝင်လာတဲ့ ပထမဆုံး kpop အနုပညာရှင်တွေ ဖြစ်လာခဲ့ပါပြီ။ ဒီကနေ့မှာတော့ ’63 GRAMMY Awards’ ပွဲအခမ်းအနားရဲ့ Best Pop Duo/Group Performance စာရင်းထဲမှာ BTS ပါဝင်တဲ့အကြောင်းကို တရားဝင် ကြေညာပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by BTS (@bts)

BTS အဖွဲ့ဟာ August လမှာထွက်ရှိခဲ့တဲ့ ‘Dynamite’ ဆိုတဲ့သီချင်းနဲ့ nomination စာရင်းဝင်ခဲ့တာပါ။ ‘Dynamite’ သီချင်းနဲ့ယှဉ်လျက် တစ်ခြားသော အနုပညာရှင်တွေရဲ့ သီချင်းတွေဖြစ်တဲ့ J.Balvin, Dua Lipa, Bad Bunny, Tainy တို့သီဆိုထားတဲ့ ‘UN DIA (ONE DAY)’, Justin Bieber featuring Quavo တို့ဆိုထားတဲ့ ‘Intentions’, Lady Gaga နဲ့ Ariana Grande တို့ရဲ့‘Rain On Me’, Taylor Swift featuring Bon Iver တို့သီဆိုထားတဲ့ ‘exile’ စတဲ့ သီချင်းတွေက nominations စာရင်းထဲမှာ ပါဝင်နေပါတယ်။

 

GRAMMYs ပွဲဟာ တစ်ကမ္ဘာလုံးရဲ့ တကယ့်ကို ထင်ရှားတဲ့ ဂီတပွဲတစ်ခုဖြစ်ပြီး BTS အဖွဲ့ဟာလည်း kpop ရဲ့ ပထမဆုံး nominate စာရင်းမှာ ပါဝင်နိုင်ခဲ့တာပါနော်။ ဒီသတင်းကြေညာပြီးတဲ့ နောက်မှာတော့ BTS အဖွဲ့ဝင်တွေက သူတို့အဖွဲ့ဝင်တွေ GRAMMY nominations live စောင့်ကြည့်နေတဲ့ ဗီဒီယိုလေးကို ဝေမျှလာခဲ့ပါတယ်။ ဒီဗီဒီယိုမှာ V က အရမ်းကို စိတ်လှုပ်ရှားပြီး ဘာမှမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ပြီး JUNGKOOK, RM, JIMIN တို့သုံးယောက်ကတော့ ခုန်ပေါက်မတက် ပျော်ရွှင်နေတဲ့ပုံလေးကို ရိုက်ကူးထားခဲ့တာပါ။

 

နောက်ပြီး BTS အဖွဲ့ဝင်တွေက သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ ARMY တွေကို ကျေးဇူးတင်တဲ့ အကြောင်းလေးကိုလည်း Twitter မှာ ခုလိုမျိုး ဝေမျှထားပါသေးတယ် “ဒီ nominations စာရင်းဝင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါက တကယ့်ကို ကောင်းမွန်တဲ့အရာပါ ကျွန်တော်တို့ သီချင်းတွေကို နားဆင်ပေးခဲ့ကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ARMY သာ ကျွန်တော်တို့အတွက် ရှိမနေခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး ARMY တို့ ကျွန်တော်တို့တွေ လုပ်နိုင်ခဲ့ပါပြီ ကျေးဇူးတင်ပါတယ် အရမ်းလည်း ချစ်ပါတယ်” ဆိုပြီး ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

’63rd GRAMMY Award’ ပွဲအခမ်းအနားကိုတော့ လာမယ့် January 31, 2021 မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ Congratulations ပါ BTS ရယ် ဒီထက်မက အောင်မြင်မှုတွေ ထပ်ပြီးရနိုင်ပါစေနော်။

Khin