ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီး Bruce Willis ကိုတော့ အားလုံးလည်း သိမှာပါ။ နာမည်ပျက်မရှိဘဲ မိသားစုကိုချစ်ပြီး အလုပ်ကိုလည်း လေးလေးစားစားလုပ်တတ်တဲ့ မင်းသားကြီးဟာ တလောကတော့ ဆေးဆိုင်တစ်ဆိုင်ထဲကနေပြီး မောင်းထုတ်ခံခဲ့ရပါတယ်လို့ သတင်းတွေမှာ တက်လာခဲ့ပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။
Bruce Willis ဟာ ကိုဗစ်ကာလကြီးဖြစ်ပေမယ့်လည်း ဆေးတွေဝယ်ရမှာမလို့ဆိုပြီး LA မှာရှိနေတဲ့ ဆေးဆိုင်တစ်ဆိုင်ထဲကို ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဆေးဆိုင်ကဝန်ထမ်းက ရုတ်တရက် Bruce Willis ကို အော်ခေါ်ပြီး ရှေ့ဆက်မသွားဖို့ပြောခဲ့ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ Bruce Willis ဟာ mask မတပ်ထားလို့ပါပဲ။ ဒါကို Bruce Willis ရဲ့ ဖြေရှင်းချက်ကို လုံးဝလက်မခံဘဲ ဆေးဆိုင်ဝန်ထမ်းဟာ မင်းသားကြီးကို ဆိုင်ပြင်ထွက်သွားဖို့ပဲ ပြောနေခဲ့တာပါ။ မတတ်နိုင်တဲ့အဆုံး Bruce Willis လည်း ဆိုင်ထဲကနေ ဘာမှမဝယ်ဘဲ ထွက်လာခဲ့ရပါတယ်။ ဒီသတင်းဟာ တော်တော်လေးကို ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။
Bruce Willis asked to leave pharmacy for refusing to wear a mask https://t.co/V4kcyxUwy3 pic.twitter.com/SORhCJwfEU
— New York Post (@nypost) January 12, 2021
တကယ်တော့ Bruce Willis ဟာ သူ့ရဲ့လည်ပင်းမှာ mask နဲ့ ပုဝါကို အမြဲတမ်းဆွဲထားနေခဲ့တာပါ။ အဲဒီနေ့ကလည်း ကားပေါ်ကဆင်းပြီး ဆေးဆိုင်ထဲတန်းဝင်သွားခဲ့တဲ့အတွက် လူကြီးဆိုတော့ မေ့ပြီး mask ရော ပုဝါရော မတပ်မိတာနဲ့ ကြုံခဲ့ရင်း အခုလို အထင်လွဲခံရပြီး မောင်းထုတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းကိုရှင်းပြတော့လည်း လက်မခံတာကြောင့် တခြားဆိုင်ပဲ ရှာပြီး ဆေးဝယ်ခဲ့ရပါတယ်တဲ့လေ။ Bruce Willis ဟာ ဒီနှစ်မှာတော့ အသက် ၆၅ နှစ်တောင်ရှိလို့နေခဲ့ပါပြီ။
မင်းသားကြီးကတော့ ဒီဖြစ်ရပ်ဖြစ်သွားခဲ့တာ အရမ်းကို ရှက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်တဲ့လေ။

penny