Brooklyn Beckham ဆိုတာကတော့ David နဲ့ Victoria တို့ရဲ့ အကြီးဆုံး သားပါ။အသက်ကတော့ ငယ်သေးပေမယ့် ငယ်ငယ်တည်းက မိန်းကလေးတွေကြား မှာရေပန်းစားနေသူပါ။သေချာပေါက် သူ့အဖေထက် David ထက်ပိုစွံအုံးမှာတော့ အသေအချာပါ။ချောမောတဲ့ ရုပ်ရည်နဲ့ စတိုင်ကျကျ အသွင်အပြင်ကို အဖေဆီကရော အမေဆီကပါ အမွေဆက်ခံထားသူပါ။

Brooklyn Beckham ကို (၁၉၉၉)ခုနှစ် မတ်လ (၄)ရက်နေ့က မွေးဖွား ခဲ့ တာကြောင့် အသက်ကတော့ (၁၈)ပါ။နာမည်ကျော် စတား နှစ်ေ ယာ က်ရဲ့ သားဖြစ်တာကြောင့် ငယ်ငယ်တည်းက လူစိတ်ဝင်စားခံရသူပါ။သူ့မှာ ဆိုရင် Romeo (2002)၊Cruz (၂၀၀၅)၊ညီမ Harper (၂၀၁၁)ခုနှစ်က မွေးခဲ့တာ ပါ။သူ့ရဲ့ ရည် ရွယ် ချက်ကတော့ ကမ္ဘာမှာပါ နာမည်ကြီးတဲ့ ဓါတ်ပုံဆရာတစ်ေ ယာက်ဖြစ် ချင် တာပါ။Brooklyn ကတော့ ညီမဖြစ်သူကို အတော်ချစ်ပုံရပါ တယ်။ မကြာခဏဆိုသလို ချီပိုးပြီး သွားလာနေတာကို တွေ့ရပါတယ်။ Brook lyn ကတော့ သူ့အဖေလိုပဲ တက်တူးချစ်သူပါ။အခုနောက်ဆုံး ဆို ရင်တော့ “Made In England” ဆိုတဲ့ တက်တူးကို ထိုးလိုက်ပါတယ်။’

Brooklyn လို့ နာမည်ကတော့ New York City မှာရှိတဲ့ ရပ်ကွက် ကို အ စွဲပြု ပေးထားတာပါ။ အဲ့ဒီရပ်ကွက်မှာနေရင်းနဲ့  Victoria က သူမ မှာ ကိုယ်ဝန်ရှိနေတဲ့ အကြောင်း သိခဲ့တဲ့အတွက် အဲ့ဒီရပ်ကွက်နာမည်ကို အစွဲပြု ပေးခဲ့ တာပါ။

(၂၀၁၄)ခုနှစ်၊Brooklyn (၁၅)နှစ်အရွယ်လောက်က လန်ဒန်မှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ငယ်သေးတဲ့ အတွက် အလုပ်ချိန်ကို (၇)နာရီထက် ပိုမလုပ်နိုင်ခဲ့ဘူးလို့သိရပါတယ်။လစာအနေနဲ့ကတော့ တစ်နာရီမှာ £2.68 ရခဲ့ပါတယ်။ပရိသတ်တွေက အသက်ငယ်ငယ်လေးနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ်ငွေရှာဖို့ ကြိုးစားခဲ့တဲ့ Brooklyn ကို ချီးကျူးခဲ့ကြပါတယ်။

Brooklyn ဟာ TV docs/reality shows တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ရုပ်ရှင် တွေမှာ ပါဝင်ဖို့ သူ့ကို ကမ်းလှမ်းခဲ့ပေမယ့် သားဖြစ်သူဟာ ကမ်းလှမ်းခဲ့သမျှကို ငြင်းခဲ့တယ်လို့ အဖေဖြစ်သူ David ကပြောခဲ့ပါတယ်။သားဖြစ်သူဟာ ဓါတ်ပုံရိုက်ရတာကိုပဲ ၀ါသနာပါတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့်Brooklyn ဟာ Music Video တစ်ခုမှာ ပါဝင်ခဲ့ဖူးပါတယ်။

Brooklyn ဟာ (၂၀၁၄)ခုနှစ်က မော်ဒယ်အဖြစ် ပထမဆုံးအကြိမ် ပွဲဦးထွက်ခဲ့ဖူးပါတယ်။Man About Town မဂ္ဂဇင်းကာဗာမှာ ပါဝင်ခဲ့ဖူးပါတယ်။Miss Vogue, Dazed & Confused, Rollacoaster,  Vogue Hommes International အစရှိတဲ့ မဂ္ဂဇင်းတို့မှာလည်း ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် Teen Vogue ရဲ့ ကာဗာမှာလည်း ပါဝင်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် အရမ်းကိုစွံပါတယ်။ ရည်းစားတွေ အရမ်းများသူပါ။(၂၀၁၄-၂၀၁၆)မှာ မင်းသမီး Chloe Grace Moretz နဲ့တွဲလိုက်ပြတ်လိုက်ဖြစ်ခဲ့သူပါ။

ဒါ့အပြင် ပြင်သစ် မော်ဒယ် Sonia Ben Ammar၊ ဂျာမန်မော်ဒယ် Adrienne Juligerနဲ့လည်း တွဲခဲ့ပါေ သးတယ်။(၂၀၁၆)နောက်ပိုင်းမှာတော့ မော်ဒယ် Kim Turnbull နဲ့ တွဲခဲ့ဖူးတယ်လို့လည်း သတင်းတွေထွက်ဖူးပါတယ်။ ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း Sofia Richie နဲ့လည်း ဇန်န၀ါရီလ (၂၀၁၇)တွဲတယ်ဆိုပြီး သတင်းထွက် ခဲ့ဖူးပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။