ကမ္ဘာကျော်မင်းသားကြီး Brad Pitt ကိုတော့ လူတိုင်းနီးပါး သိရှိကြပြီး ဖြစ်မှာပါ။ အော်စကာဆုရှင် Brad Pitt ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကတည်းက ဇနီးဟောင်းဖြစ်သူ Angelina Jolie နဲ့ တရားဝင်ကွာရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ Brad Pitt နဲ့ Jolie တို့ဟာ Holly Wood ရဲ့ ထာဝရအလိုက်ဖက်ဆုံး အနုပညာရှင်စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။

ဒီလိုကွာရှင်းခဲ့ပြီး ၃ နှစ်အကြာ လက်ရှိအချိန်မှာတော့ Brad Pitt ဟာ အသက် ၂၇ နှစ်အရွယ် မော်ဒယ်လ်မလေးတစ်ယောက်နဲ့ ကြိုက်နေပြီး လူမသိအောင်တွဲနေတယ်လို့ သတင်းတွေတောက်လျှောက်ထွက်နေကြောင်း Marieclaire သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Nico (@nico.potur) on

အဆိုပါ မော်ဒယ်လ်မလေးကတော့ အသက် ၂၇ နှစ်အရွယ် ပိုလန်နိုင်ငံသူလေး Nicole Poturalski ပဲ ဖြစ်ပါတယ်။ Nicole ဟာ California နဲ့ Germany ကို အမြဲတမ်း အသွားအပြန်လုပ်နေတဲ့ မော်ဒယ်လေးတစ်ယောက်ဖြစ်သလို အသက် ၁၃ နှစ်ကတည်းက မော်ဒယ်အလုပ်ကို လုပ်ကိုင်နေတဲ့ မော်ဒယ်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Nicole ဟာ ELLE Germany မဂ္ဂဇင်းရဲ့ မျက်နှာ်ဖုံးပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Brad Pitt နဲ့ Nicole တို့နှစ်ဦးဟာ တွဲနေခဲ့တာ ၉ လကျော်ရှိနေခဲ့ပြီဖြစ်ကြောင်း နီးစပ်ရာအသိုင်းများမှ သိရပါတယ်။

 

 

View this post on Instagram

 

A post shared by Nico (@nico.potur) on

 

ဒါ့အပြင် Twitter မှာဆိုရင်လည်း လူတော်တော်များများဟာ Brad Pitt တစ်ယောက် Nicole ကို ရွေးချယ်ခဲ့တဲ့အကြောင်းကတော့ Jolie နဲ့ တူလို့ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ပေးခဲ့ကြပါတယ်။

“Brad Pitt ကတော့ လက်ရှိမှာ တစ်ယောက်တည်းပဲ နေနေပါတယ်။ ဘယ်သူမှနဲ့လည်း တွဲနေတာမျိုးတော့ မရှိပါဘူး။ အခုသတင်းတွေထွက်နေတဲ့ Nicole ကိုတော့ Brad Pitt က ချစ်ဖို့ကောင်းပြီး ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ထက် ပိုမမြင်ပါဘူး”လို့ Brad Pitt ရဲ့ အေဂျင်စီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Brad Pitt (@bradpittofflcial) on

Pyi Hein Kyaw