Vishal Vashishtha ကတော့ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲထဲမှာ အဓိကဇာတ်လိုက်မင်းသား အဖြစ်ပါဝင်တဲ့ ဆာဂါပဲဖြစ်ပါတယ်။ Vishal Vashishtha ကိုတော့ ၁၉၉၂ ခုနှစ်  ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ မွေဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် (၂၅)နှစ်ရှိပြီဖြစ်ပါတယ်။ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲကိုရိုက်တဲ့အချိန်မှာတော့ ဆာဂါဟာ အသက် (၂၃)နှစ်ပဲရှိပါသေးတယ်။

Vishal Vashishtha အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့အချိန်ကတော့ ၂၁၀၃ ခုနှစ်မှာဖြစ်ပါတယ်။ သူဟာ ပထမဆုံးအကြိမ်စရိုက်ခဲ့တဲ့ “Crazy Stupid Ishq” ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ “A Brother’s Prayer… Veera” ဆိုတဲ့ ဟာသဇာတ်မြူးဇာတ်လမ်းတွဲမှာ  သရုပ်ဆောင်ပြီး “Zee Gold Award” ဆုကို ပထဦးဆုံးအကြိမ်အဖြစ်ရရှိခဲ့ပါတယ်။ Vishal Vashishtha ဟာ အိန္ဒိယရဲ့ ပေါ်ပြူလာအဖြစ်ဆုံး မင်းသား (၁၀) ယောက်ထဲမှာလည်း ပါဝင်ပါတယ်။

Vishal Vashishtha ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ “မုဆိုးမလေး မဂင်္ဂါ” ဟာ အကြာဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်လမ်းတွဲဟာဆိုရင်တော့ အပိုင်းစုစုပေါင်း (၅၉၅) ပိုင်းရှိပြီး အိန္ဒိယမှာဆိုရင်တော့ ၂၀၁၅ မတ်လကနေ ၂၀၁၇ ဇွန်လအထိ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Vishal Vashishtha ဟာ “မုဆိုးမလေး မဂင်္ဂါ” ဇာတ်ကားနဲ့ “Zee Gold Award”ရဲ့ အကောင်ဆုံးမင်းသားဆုအတွက် လျှာထားခြင်းကိုလည်း ခံခဲ့ရပါတယ်။

Vishal Vashishtha ရဲ့ Instagram အကောင့်ကတော့ vishalvashishtha ဖြစ်ပါတယ်။

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။