Priyanka Chopra နဲ့ Deepika Padukone တို့ကတော့ ဘောလိဝုဒ်ရဲ့ တကယ့် ဒိတ်ဒိတ်ကြဲ မင်းသမီးနှစ်ယောက်ပါ။ နှစ်ယောက်လုံးကလည်း ဟောလိဝုဒ်အထိပါ ထိုးဖောက်နိုင်ခဲ့တဲ့ မင်းသမီးတွေပါ။ Priyanka Chopra ကတော့ အသက် (၃၅)နှစ်ဖြစ်ပြီး Deepika Padukone ကတော့ (၃၂)နှစ်ပါ။

မေလ(၇) ရက်နေ့က  New York City မှာရှိတဲ့ Metropol itan Museum of Art မှာ ကျင်းပတဲ့ 2018 Met Gala ပွဲကို Priyanka နဲ့ Deepika တို့ တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ Theme ကတော့ “Heavenly Bodies: Fashion and the Catholic Imagination” ပါ။ ဒါကြောင့်လည်း ပွဲတက်ရောက်လာသူတွေကဘာသာရေးနဲ့ နှီးနွယ်ပတ်သက်နေတဲ့ ဖက်ရှင် ဒီဇိုင်း တွေကို ရွေးချယ်ဝတ်ဆင်တက်ရောက်ခဲ့ပါတယ်။

Priyanka ကတော့ Ralph Lauren ကုမ္ပဏီကဖန်တီးထားတဲ့ ကတ္တီပါနီရောင်ဂါဝန်ကို ရတနာတွေ ချယ်သထားတဲ့ ခေါင်းခြုံစရာနဲ့ တွဲဖက်ဝတ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။

Deepika  ကတော့ လုံးဝရဲရဲတောက်နေတဲ့ Prabal Gaurang ရဲ့ ၀တ်စုံ ဂါဝန် ကို ဆင်မြန်းပြီး တက်ရောက်လာခဲ့တာပါ။အ၀တ်အစားနဲ့ လိုက်ဖက်တဲ့ စိန်၊ပုလဲရတနာတွေနဲ့ ချယ်သထားတဲ့ လက်စွပ်နဲ့ နားကပ်တို့ကို ဆင် မြန်းထားပါတယ်။

Met Gala after-party မှာတော့ နှစ်ယောက်လုံးက အရမ်းတွေ ခမ်းနားတဲ့ ၀တ်စုံတွေကို ခွာချပြီး ပေါ့ပါးစတိုင်ကျတဲ့ ၀တ်စုံတွေကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ Met Gala after-party ကိုတော့ Standard Hotel  မှာ ကျင်းပခဲ့တာပါ။ Priyanka ကတော့ အနက်၊အနက်နဲ့ ရွှေရောင်ရော စပ်ထားတဲ့ Pant Suit ကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။ ၀တ်စုံနဲ့ လိုက်ဖက်အောင် နှုတ်ခမ်းနီရောင်ကိုတော့ Dark ဘယ်ရီအရောင်ကို ဆိုးထားပါတယ်။ အနက်ရောင် အိတ်လေးကိုလည်း ကိုင်ထားပါတယ်။

Deepika ကတော့ တောက်ပတဲ့ အ၀ါရောင် ကတ္တီပါ ဂျက်ကတ် နဲ့ အနက်ရောင် ဘောင်းဘီ ကို တွဲ ဖက်ဝတ်ဆင်ထားပါတယ်။ After-party မှာ ၀တ်ခဲ့တဲ့ အဲ့ဒီဂျက်ကတ်ကိုတော့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက Shah Rukh Khan ရဲ့ ပါတီပွဲမှာ ၀တ်ခဲ့ဖူးပါတယ်။

Source ndtv