ဘောလိဝုဒ်မင်းသမီးချော Sunny Leone ကတော့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားတဲ့ PeTA  ဆိုတဲ့ လှုပ်ရှားမှုအတွက် သူမရဲ့ ခင်ပွန်း Daniel Weber နဲ့အတူ ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို လူတွေ သတိပြုမိလာဖို့ ရည်ရွယ်ပြီး ရိုက်ကူးပေးခဲ့တာပါ။

လင်မယားနှစ်ယောက်လုံးဟာ အ၀တ်အစားမပါပဲ ကိုယ်လုံးတီးနဲ့ ရိုက်ခဲ့ကြတာပါ။‘Ink, Not Mink! Be Comfortable in Your Own Skin, and Let Animals Keep Theirs.’ ဆိုတဲ့ စာတန်းကတော့ အဓိကနေရာတွေကို ဖုံးအုပ်ပေးထားပါတယ်။

Daniel က တိရစ္ဆာန်နဲ့လူသားဆိုတာ အတူတကွတည်ရှိနေသင့်ကြောင်း၊တိရစ္ဆာန်လေးတွေရဲ့ အသံကို နားစွင့်ဖို့လည်း လိုအပ်ကြောင်း၊သူတို့သာမရှိရင် ကျွန်တော်တို့လည်း ရှိတော့မှာ မဟုတ်ကြောင်း၊အတူတကွတည်ရှိပြီး သူတို့လေးတွေအပေါ် လေးစားမှုရှိကြဖို့ လိုတယ်လို့ ပြောခဲ့ပါ တယ်။

Sunny ဟာ  PETA ရဲ့ (၂၀၁၆)တုန်းက Person of the Year အဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ် ။organisation ရဲ့ အသီးအရွက်စားဖို့ ထောက်ခံအားပေးတဲ့ လှုပ်ရှားမှု၊ခွေးနဲ့ကြောင် တွေကို ကာကွယ်ဆေး၊ပိုးသတ်ဆေးထိုးပေးတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပေးခဲ့သူပါ။အ၀တ်အစား ဗလာ ကျ င်းအရိုက်ခံရတဲ့ ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်တွေရဲ့ အသွေးအသားမဲ့တဲ့ animal-free fash ion ကို ပြချင်တဲ့သဘောပါ။တိရစ္ဆာန်တွေရဲ့ အသွေးအသားကို အသုံးပြုပြီး အ၀တ်အစားနဲ့ တခြား accessories တွေဖန်တီးချုပ်လုပ်လာတာတွေကြောင့် ဖက်ရှင်လောကဟာ မကြာခဏဆိုသလို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှား သူတွေရဲ့ လက်ညှိုးထိုးစရာဖြစ်လာခဲ့ပါတယ်။

 

FROM zeenews

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။