ဘောလိဝုဒ်ရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီး စာရင်းဝင် Priyanka Chopra ရဲ့ ဇွဲလုံ့လဝီရိယနဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေကတော့ အခြားသရုပ်ဆောင်တွေတောင်မှ မချီးကျူးဘဲ မနေနိုင်လောက်အောင်ကို ပြောင်မြောက်ခဲ့ပါတယ်။ ဒီအချက်ကို သိသာစေတာက သူမဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီးလက်ဝှေ့မယ် Mary Kom အကြောင်းကို ရိုက်ကူးခဲ့စဉ်က ဖြစ်ပါတယ်။

အဲဒီ့ဇာတ်ကားကို ရိုက်ကူးခဲ့တုန်းက တကယ့်လက်ဝှေ့မယ်နဲ့တူအောင် (၄၅)ရက်ကြာပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီးနောက်မှာတော့ သူမရဲ့ အသွင်အပြင်ဟာ သိသိသာသာပြောင်းလဲခဲ့ပါတယ်။ ဒါကိုက ဒီဇာတ်ကားရဲ့ အောင်မြင်မှုကို ပိုပြောင်မြောက်စေခဲ့တာဖြစ်ပါတယ်။

သူမဟာ လက်ဝှေ့သမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံစံကိုရဖို့၊ အလွန်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ရပြီး ပင်ပန်းမှုတွေကို (၃)လလုံးလုံး တောင့်ခံခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်စဉ်ကလည်း တကယ့်လက်ဝှေ့ထရိန်နာနှစ်ဦးက သူမကို သင်ကြားပေးရုံသာမက လက်ဝှေ့သမားတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကိုပါ သင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာက ‘သူမရဲ့ ဇာတ်ကောင်ဟာ သာမန်ဇာတ်ကောင်မဟုတ်တဲ့အတွက်ကြောင့် အထူးဂရုစိုက်ပြီး လေ့ကျင့်ခဲ့ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို သဘာဝကျနေစေဖို့အတွက် တကယ့်လက်ဝှေ့ထရိန်နာတွေကို အကူအညီတောင်းပြီး လေ့ကျင့်ခဲ့ရပါတယ်’ လို့ ဆိုပါတယ်။

အံ့အားသင့်စရာကောင်းလောက်အောင် ပြင်းထန်တဲ့လေ့ကျင့်မှုတွေရယ်၊ အစားအသောက် diet တွေရယ်၊ Boxing workout တွေရယ်ကို (၄၅)ရက်ကြာပြုလုပ်လို့အပြီးမှာတော့ လိုချင်တဲ့ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့ပုံစံကို ရရှိခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့ ပေးဆပ်ခဲ့တဲ့ သူမရဲ့ ဇွဲဝီရိယကြီးမားမှုနဲ့၊ ခံနိုင်ရည်အားကောင်းမှု၊ စိတ်ဓာတ်ပြင်းထန်မှုတို့ကို အားလုံးက လက်ဖျားခါခဲ့ရသူ ဖြစ်ပါတယ်။

သူမရဲ့ ပြင်းထန်တဲ့ ဇွဲနဲ့ စိတ်ဓာတ်တွေကြောင့် body transformation အပိုင်းမှာ Amir Khan လို ထိပ်တန်းမင်းသားကြီးနဲ့အတူ ထိပ်ဆုံးစာရင်းဝင်ခဲ့တဲ့ ဘောလိဝုဒ်ရဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ဘက်ဂျက်ငွေပေါင်း ရူပီသန်း ၁၈၀ အကုန်ကျခံထားတာဖြစ်ပြီး၊ ရူပီးသန်း ၁၀၀၀ ကျော်ပြန်ရခဲ့တဲ့ ဘောလိဝုဒ်ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားဟာ National Film Award for Best Popular Film ဆုရရှိခဲ့ရုံသာမက သူမဟာလည်း Screen Award အပြင် Producers Guild Film Award for Best Actress in a Leading Role ဆုများကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့ တစ်ဦးတည်းသော boxing workout program ကိုလုပ်နိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။