“ဘုန်းမီးနေလမဟာ အာသောက” ဇာတ်လမ်းတွဲမှာ အသောကဇာတ်ရုပ်ရဲ့ ကလေးသရုပ်ဆောင်နေရာမှာ ပါဝင်ခဲ့တဲ့ မင်းသားလေး Siddharth Nigam ကတော့ စက်တင်ဘာလ ၁၃ရက်၊ ၂၀၀၀ခုနှစ်မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး အခုဆိုရင်တော့ အသက် ၁၇နှစ်ရှိနေပြီ ဖြစ်ပါတယ်။ Siddharth Nigamမှာမွေးချင်း မောင်နှမ သုံးယောက်ရှိပါတယ်။

အသောကရဲ့ မွေးရပ်မြေကတော့ အန္ဒိယနိုင်ငံ အယ်လဟာဘတ်မြို့ဖြစ်ပြီး သူ့ရဲ့မွေးရပ်မြေမှာရှိတဲ့ Khel Gaon Public School မှာပဲ အထက်တန်းပညာကို သင်ကြားနေပါတယ်။ မြန်မာပြည်မှာ အသောကဆိုတဲ့နာမည်နဲ့ ကျော်ကြားတဲ့Siddharth Nigam ရဲ့ အနုပညာနာမည်ကတော့Sid ဖြစ်ပါတယ်။

အသက်ငယ်ပေမဲ့ ခန္ဓာကိုယ်အချိုးအစားတောင့်တင်းတဲ့ Sidဟာ အားကစားလုပ်ရတာနဲ့ ဆိုင်ကယ်စီးရတာကို ၀ါသနာပါတယ်လို့ ဆိုပါတယ်။

Sid ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကတော့  “Dhoom 3” လို့အမည်ရပြီး ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ Sid ဟာ  အမရာခန်းရဲ့ ငယ်ဘ၀နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေရမှာပါ။

Sidဟာ “ဘုန်းမီးနေလမဟာ အာသောက”ဇာတ်လမ်းတွဲနဲ့ Indian Television Academy Award၊ Zee Gold Award ၊Indian Telly Award ဆုသုံးဆုတောင် ရရှိခဲ့ပါတယ်။

sid ရဲ့ Instagram အကောင့်ကတော့ @thesiddhartnigam ဖြစ်ပါတယ်။

Source: Starsunfolded

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။