ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan ကတော့ အခုဆိုရင် အသက်(၅၂)နှစ်ရှိနေပါပြီ။ ဒါပေမယ့် သူ့ရဲ့ အနုပညာ ၀မ်းစာကတော့ အသက်ကြီးလေ ပိုမိုပြည့်ဝလေပါ။ ဘောလိဝုဒ်တစ်နေရာတည်းတင်မဟုတ်ဘဲ အာရှနဲ့ ဟောလိဝုဒ်မှာပါ အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားပါ။ မင်းသားကြီး Shah Rukh Khan က ပါဝင်သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့ပြီး တခြားသရုပ်ဆောင်မင်းသားတွေနဲ့ ရိုက်ကူးပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ရှိပါတယ်။ အဲ့ ဒီဇာတ်ကားတွေကတော့…

 #3 Idiots
3 Idiots ဇာတ်ကား ကလည်း Shah Rukh Khan (SRK)ရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။ Shah Rukh Khan ငြင်းလို့ Aamir Khan နဲ့ ရိုက်ဖြစ်သွားခဲ့တာပါ။ Shah Rukh Khan ရဲ့ ငြင်းပယ်မှုက Aamir Khan အတွက် ကံကောင်းခြင်း၊ အောင်မြင်ခြင်းတွေကို ယူဆောင်ပေးခဲ့တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။
#Taare Zameen Par

 

ဒီဇာတ်ကားကလည်း Shah Rukh Khan က နိုးလို့ ပြောခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ပါပါတယ်။ အနုပညာလောကထဲ ကျင်လယ်ခဲ့တဲ့ (၂၅)နှစ်ကျော်ပြီဆိုပေမယ့် ကမ်းလှမ်းသမျှ ကားကို ငြင်းပယ်ခဲ့တာများပြီး အဲ့ဒီထဲကမှ အနည်းငယ်ကို ပဲ လက်ခံရိုက်ကူးတတ်သူပါ။ ဒီကားကလည်း Aamir Khan ရဲ့ အောင်မြင်မှုမှတ်တိုင်တွေထဲက တစ်ခုပါ။

#Lagaan

Lagaan ကလည်း သူငြင်းပယ်ခဲ့လို့ Aamir Khan နဲ့ ရိုက်လိုက်ရတဲ့ ဇာတ်ကားပါ။

#Slumdog Millionare

Slumdog Millionaire ကို (SRK) ကို ရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအရင်းရယ်လို့ မယ်မယ်ရရမရှိဘဲ SRK က ရိုက်ဖို့ ငြင်းခဲ့တဲ့ ဇာတ်ကားပါ။ နိုင်ငံတကာအထိ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဇာတ်ကားမို့ ငြင်းခဲ့တာကိုတောင် နောင်တရသင့်တဲ့ ဇာတ်ကားပါ။

#Jodha Akbar

ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Ashutosh Gowariker က ဒီကားအတွက်မင်းသားကို  Shah Rukh Khan (SRK)လို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် SRK က တခြားရိုက်ကူးရေးတွေနဲ့ အချိန်ဇယားတွေ ကြပ်နေတယ်ဆိုပြီး ရိုက်ကူးဖို့ ငြင်း ပယ်ခဲ့တာပါ။

#Munnabhai M.B.B.S

ဒီဇာတ်ကားကလည်း SRK ကို ရိုက်ဖို့ ကမ်းလှမ်းပေမယ့် နောက်ဆုံးမှာတော့ Sanjay Dutt  အတွက် ဖြစ်ခဲ့ရပါတယ်။ကားရိုက်တဲ့ ရက်တွေ အရမ်းကြပ်နေလို့၊ အချိန်မရှိလို့ ငြင်းလိုက်တာလို့ သိရပါတယ်။

#Ek Tha Tiger

ဒီဇာတ်ကားကလည်း Shah Rukh Khan နဲ့ ရိုက်ဖို့ ရည်ရွယ်ပြီး ကမ်းလှမ်းခဲ့တဲ့ ဇာတ်ကားပါ။ ဒါပေမယ့် ကားရိုက်ဖို့ ရက်က ဘယ်လိုမှညှိမရလို့ Salman Khan နဲ့ ရိုက်ကူးဖြစ်သွားခဲ့ရတာပါ။

from filmipop