Priyanka Chopra က တော့ သူမနဲ့ အသက် ၁၀ နှစ်လောက်ကွာ တဲ့ Nick Jonas နဲ့ လက်ထပ် ထားတာ အိမ်ထောင် သက် နှစ်နှစ် လောက် ရှိနေပါပြီ။အိမ်ထောင် သက် ကြာလာတော့ သူတို့ ဘယ်တော့ ကလေးယူမလဲ၊ကလေးယူမယ့် အစီအစဉ် တွေ က ဘယ်လို လဲ ဆိုတာကို မီဒီယာတွေ က စိတ်ဝင်စား လာကြပါတယ်။The Times နဲ့ အင်တာဗျူး မှာတော့ သူမရဲ့ ကလေးယူမယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး Priyanka Chopra က ထုတ် ပြောလာ ခဲ့ပါတယ်။သူမက တော့ မိသားစု များတာ ကို ကြိုက် တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ သူမရဲ့ အသက်က ၃၈ နှစ် ခင်ပွန်း Nick Jonas က တော့ ၂၈ နှစ်ပါ။ဒီအ ကြောင်းကိုတော့ Elle မှာ ဖော်ပြထားပါတယ်။
View this post on Instagram
ခရစ်ကက် တစ်သင်းစာလောက် လိုချင် တယ်လို့ ပြောလာပါတယ်။ခရစ်ကက် အသင်းမှာတော့ ကစားသမား ၁၁ ယောက် ရှိပါတယ်။သူမက ရယ်ရယ် မောမော နဲ့ “ကလေး လိုချင်ပါတယ်။ရနိုင်သလောက် များများ လိုချင် ပါတယ်။ခရစ်ကက် တစ်သင်းစာ လောက်လား. မသေချာ ဘူး..” ဆိုပြီး ပြော ခဲ့ ပါတယ်။အသက် ကွာခြားမှု နဲ့ မတူတဲ့ ယဉ်ကျေးမှု ကြောင့် နှစ်ယောက်ရဲ့ Relationship အပေါ် ကြီးမားတဲ့ သက်ရောက်မှု တွေ ရှိ မရှိ မေး တော့ ‘ အခက် အခဲ ကြီးကြီးမားမား တော့ မရှိပါဘူး။ Nick က အိန္ဒိယ ယဉ်ကျေးမှုတွေ နဲ့ လည်း လိုက်လျော ညီ ထွေ အဆင် ပြေပြေ နေနိုင်ပါတယ်။ဒါပေမယ့် ကျွန်မ တို့ နှစ်ယောက်ကလည်း သာမန် စုံတွဲ တွေ လို မျိုးပါပဲ၊တစ်ယောက်ရဲ့ အကျင့်ကို တစ်ယောက်က နားလည် အောင်၊တစ်ယောက် အကြိုက် တစ်ယောက် နားလည် အောင် ကြိုးစား ရတာပဲ။
View this post on Instagram
နှစ်ယောက်ကြား မှာ တကယ့်ပဲ အခက်အခဲ ရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ကိုဗစ်မှာ quarantine နေရ တော့ ကျွန်မတို့ နှစ်ယောက် အတူ ရှိတဲ့ အချိန် ပို များ သွားတယ်။ ပုံမှန် ဆိုရင် ကျွန်မ တို့နှစ်ယောက်ရဲ့ လုပ်ငန်းသဘော အရ ကိုက နှစ်ယောက် အတူရှိ ချိန် က နည်းတယ်လေ..” လို့ ပြောခဲ့ပါတယ်။Chopra က တော့ သူမရဲ့ professional life ဒါမှမဟုတ် သူမကို လူတွေ မြင်တဲ့ အမြင်က ဘယ်လိုပဲ ဖြစ် နေပါ စေ၊သူမကလည်း ကိုယ့်ဘ၀ ကိုယ် အတက်နိုင်ဆုံး အကောင်းဆုံး ဖြစ် အောင် ကြိုးစားနေထိုင်နေတဲ့ သာမန် အမျိုးသမီး တစ်ယောက်ပါ ၊ Nick လို ပါတနာ တစ်ယောက် ကို ပိုင်ဆိုင်ထားရတဲ့ အတွက်လည်း ကျေနပ် ပျော်ရွှင် မိတယ်လို့ ဆိုပါတယ်။
View this post on Instagram
Priyanka Chopra က တော့ မကြာသေးမီတုန်းက သူမရဲ့ IG မှာ ၁၇ နှစ်သမီးတုန်းက ပုံလေးကို ဝေမျှ လိုက်ပါတယ်။အနက်ရောင်ဂျက်ကက် ကို ၀တ်ထားပြီး ဘောင်းဘီ အရှည်နဲ့ ပုံပါ။သူမရဲ့ ပုံအောက်မှာတော့ Lara Dutta နဲ့ Dia Mirza တို့က ဒီကောင်မလေးကို မှတ်မိ တယ် ဆိုပြီး ၀င် မန့်ခဲ့ပါတယ်။ဒါ့အပြင် ဘောလိဝုဒ် မင်းသားတွေ ဖြစ်တဲ့ Hrithik Roshan ၊ Rajkummar Rao နဲ့ မင်းသမီး Katrina Kaif တို့ က လည်း Comment ၀င် ရေးခဲ့ကြပါတယ်။
View this post on Instagram
#CELENOW