မင်းသမီး Priyanka Chopra Jonas က လာမယ့်ပရောဂျက်တစ်ခုဖြစ်တဲ့ The White Tiger ဟာ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပေမယ့် ကြည့်ရှုသူတွေကိုစိတ်မသက်မသာဖြစ်စေလိမ့်မယ်ဆိုပြီး ပြောပြထားတာကို indianexpress သတင်းစာမျက်နှာအရသိရပါတယ်။ Netflix ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Fahrenheit 451 နဲ့ 99 Homes ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ramin Bahrani ရဲ့လက်ရာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်က ထုတ်ဝေခဲ့တဲ့ Aravind Adiga ရဲ့ နာမည်ကျော်ဝတ္ထုဖြစ်တဲ့ The White Tiger ကိုပဲ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း The White Tiger ၀တ္တုကို သာသာပြန်ထားတဲ့ ဆရာသင့်လူရဲ့ ” ကျားဖြူ ” စာအုပ်ဟာ လူကြိုက်များ ထင်ရှားတဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ Chopra ဟာ ရုပ်ရှင်နဲ့ပတ်သက်ပြီး တွစ်တာပေါ်တင်ခဲ့တာပါ။ The White Tiger မှာတော့ Rajkummar Rao နဲ့ မင်းသားသစ်တစ်လက်ဖြစ်တဲ့ Adarsh Gourav တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ “ဒီရုပ်ရှင်က မိသားစုနဲ့ အမျိုးသားတစ်ယောက်ရဲ့ အတိဒုက္ခအကြောင်းပါ။ အဓိကဇာတ်ကောင် Balram Halwai အနေနဲ့ Adarsh Gourav က သရုပ်ဆောင်ထားပါတယ်။ ကျွန်မအလုပ်တွဲလုပ်ဖူးသမျှထဲ ပါရမီအရှိဆုံးလူသစ်တစ်ယောက်ပါ။” လို့Chopra ကဆိုပါတယ်။

ရုပ်ရှင်ထဲမှာတော့ Balram ဟာ ဆင်းရဲတဲ့ရွာသားတစ်ယောက်အဖြစ်ကနေ အောင်မြင်တဲ့စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် ကြီးပွားလာတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဆာလောင်မွတ်သိပ်မှုနဲ့ အခွင့်အရေးမဲ့မှုတွေဟာ လူတစ်ယောက်ကို အရိုင်းတိရစ္ဆာန်လိုမျိုး ရှင်သန်စိတ် ရိုက်သွင်းပေးတဲ့အကြောင်း ဖော်ပြထားတာပါ။

 

View this post on Instagram

 

Fav co-worker @diariesofdiana ❤️

A post shared by Priyanka Chopra Jonas (@priyankachopra) on

ဒါ့အပြင် Chopra က “Rajkummar Rao ကတော့ အိန္ဒိယက အတွေ့အကြုံများတဲ့သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။ ရုပ်ရှင်က အရမ်းကို powerful ဖြစ်ပါတယ်။ ကြည့်တဲ့သူကို အပန်းပြေစေသလို စိတ်မသက်မသာလည်းဖြစ်စေလိမ့်မယ်။ မကြာခင် Netflix ကနေ တစ်ကမ္ဘာလုံးကြည့်လို့ရတော့မှာပါ။” လို့ဆိုပါတယ်။ ရုပ်ရှင်ထဲမှာတော့ Chopra ဟာ ဇာတ်ကောင် Pinky madam အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

CeleNow