နာမည်ကျော် ဘောလိဝုဒ်မင်းသား Irrfan Khan  တစ်ယောက်ရှားပါးတဲ့ ရောဂါတစ်မျိုး ခံစားနေရပါတယ်။သူ့ရဲ့ ရော ဂါ အကြောင်းကို Irrfan Khan က ထုတ်ဖော်ပြောပြခဲ့ပါတယ်။ပရိသတ်တွေရှေ့ကနေ ပျောက်နေတာ အတော်ကြာနေတဲ့ ပရိသတ်တွေကလည်း သူ့အတွက် စိတ်ပူနေကြပါတယ်။အသက် (၅၁)နှစ်ရှိနေပြီဖြစ်တဲ့ Khan ကတော့ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်မှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။သူပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ  Piku, Maqbool, Haasil ၊ Paan Singh Tomar… အစရှိတဲ့ ဇာတ်ကား တွေလည်း ပါ,ပါတယ်။အင်္ဂလိပ်စကားပြော ဇာတ်ကားဆိုရင်တော့  Life Of Pi, Slumdog Millionaire ၊ The Amazing Spider-Man တို့ မှာ ပါဝင် သရုပ်ဆောင် ဖူးပါတယ်။

စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မတ်လ(၅)ရက်နေ့မှာ တွစ်တာစာမျက်နှာ က တစ်ဆင့် အခုလို ပြောပြခဲ့ပါတယ်။သူ့စကားအရဆိုရင်တော့ သေချာပေါက် ပြင်းထန်တဲ့ ရောဂါတစ်ခု ခုခံစားနေရ တယ်လို့ ယူဆရပါတယ်။သူ့မိသားစုနဲ့မိတ်ဆွေတွေ က သူဒီလိုဝေဒနာခံစားနေရပြီး ခက်ခဲနေချိန်မှာ အနားမှာ ရှိနေပေးတယ်လို့ ပြောခဲ့ပါတယ်။ပရိသတ်တွေကိုလည်း တခြားမဟုတ်တာတွေကို မှန်းဆ ထင်ကြေး ပေးတာ မျိုး တွေ မလုပ်ပါနဲ့လို့လည်း တောင်းဆိုထားပါတယ်။သတင်းမှားတွေကို နားလည်လက်ခံပေးမှာ မဟုတ်ဘူးလို့ လည်း ပြောခဲ့ပါတယ်။

Khan ကတော့ အိန္ဒိယရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး၊ဘောလိဝုဒ်နဲ့ ဟိန္ဒီဇာတ်ကား တွေမှာ ပါဝင် သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှု ရထားသူပါ။(၂၀၁၃) တုန်းက ဆိုရင် Paan Singh Tomar ဇာတ်ကားနဲ့ အိန္ဒိယရဲ့ National Film Award ဆုရခဲ့ပါတယ်။

from bbc