ဘောလိဝုဒ်မှာ နာမည်ကြီးသရုပ်ဆောင်မင်းသမီး Deepika Padukone က Triple X အက်ရှင်ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Deepika ဟာ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးသရုပ်ဆောင်ကြေးအများဆုံးပေးရတဲ့ မင်းသမီးထဲက တစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သရုပ်ဆောင်အလုပ်စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ယခုဆို ဟောလိဝုဒ်မှာပါ နာမည်ကြီးနေသူလည်းဖြစ်ပါတယ် လို့ styleandgeek မှသိရှိရပါတယ်။

Deepika Padukone ကို ၁၉၈၆၊ ဇန်န၀ါရီလ၊ ၅ရက်နေ့တွင်မွေးခဲ့ပါတယ်။ သူမ ဟာ ‘Chandni Chowk to China’ ဇာတ်ကားအတွက် Ju-jitsu လို့ခေါ်တဲ့ ဂျပန်ကိုယ်ခံအတတ်ပညာ ကို ကိုယ့်တိုင်သွားရောက်သင်ယူခဲ့ပြီး သူမကိုယ်တိုင်ပဲ စတန့်တွေကိုလုပ်ခဲ့တာပါ။ သရုပ်ဆောင်လောကထဲမ၀င်ခင်မှာ နိုင်ငံကိုယ့်စားပြု ကြက်တောင်ရိုက် အားကစားသမားဖြစ်ခဲ့ပါတယ်။

သူမရဲ့ ပွဲဦးထွက်အနေနဲ့ ‘Saawariya’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့လုပ်ထားခဲ့ပေမယ့် Sonam Kapoor ကို သရုပ်ဆောင်ခွင့်ပေးလိုက်ပါတယ်။ Deepika ရဲ့ညီမဖြစ်သူ Anisha Padukone ကလည်း golf ချန်ပီယံတစ်ယောက်ပဲဖြစ်ပါတယ်။ Deepika က အပေါင်းအသင်းတွေကို သေချာကြည့်ပြီး ယုံကြည်ရမှ ပေါင်းသင်းတဲ့ ခပ်ချေချေမလေးပါ။ သူမဟာ ဘောလိဝုဒ်မှာ နာမည်ကြီးသရုပ်ဆောင်မင်းသမီးဖြစ်ပေမယ့် Salman Khan နဲ့တော့ တွဲဖက်သရုပ်မဆောင်ဖူးပါဘူး။

၂၀၁၂ မှာ Deepika ဟာ အိန္ဒိယနိုင်ငံရဲ့ အလှဆုံးမင်းသမီးအဖြစ်လည်း သတ်မှတ်ခံထားရပါသေးတယ်။ ၂၀၀၅ ခုနှစ် ရဲ့ Lakme Fashion Week ပွဲမှာ မော်ဒယ်အဖြစ် လုပ်ခဲ့ပြီးနောက် Model Of The Year ဆုကိုလည်းရရှိခဲ့ပါသေးတယ်။

 

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။