မင်းသားကြီး အမီတာဘဂျမ်းဆိုရင် ဘောလိဝုဒ်ရုပ်ရှင်ချစ်ရှင် ချစ်ပရိသတ်တော်ေ တ်ာများများက သိကြပါတယ်။အသက်(၇၄)နှစ်ရှိနေပြီဆိုပေမယ့် ရုပ်ရှင်ဇာတ် ကားတွေကို အခုထက်ထိ ရိုက်ကူးနေစဲပါ။(၁၉၇၀)ခုနှစ် အစောပိုင်းလောက်က ဆိုရင် Zanjeer and Deewaar  ဆိုတဲ့ ဇာတ်ကားနဲ့အောင်မြင်မှုရခဲ့သူပါ။ အနုပညာအရည်အသွေးတွေက အသက်ကြီးလာလေ ပိုပြည့်ဝလာလေဆို တာကို Piku ၊ Wazir ၊ Te3n ၊Pink အစရှိတဲ့ ဇာတ်ကားတွေကို ကြည့်ရင် သိနိုင်ပါတယ်။မင်းသားကြီးနဲ့ပတ်သက်ပြီး လူတွေ သိပ်မသိကြသေးတဲ့ အချက်အလက်တစ်ချို့ကတော့…

#သူဟာ ဘယ်ညာ လက်နှစ်ဖက်လုံးနဲ့ စာရေးနိုင်သူပါ။တစ်ဖက်ဖက်ကို ပိုကောင်းတယ်ဆိုတာမျိုး မဟုတ်ပဲ စ်ဖက်လုံးနဲ့ တကယ့် ကို ကောင်းကောင်း စာရေးနိုင်သူပါ။

#သူ့ဘ၀ရဲ့ ရုန်းကန်ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်တိုင်းမှာ Mumbai မြို့Marine Drive မှာရှိတဲ့ ခုံတန်းလျားမှာာသွားပြီး ညအနည်းငယ်လောက် အချိန်ကုန်ဆုံးလေ့ရှိပါတယ်။

#သာမန်လူတွေထက်ပိုပြီး မှတ်ဥာဏ်အရမ်းကောင်းသူပါ။သူ့ရဲ့ မိသားစုဝင်ေ တွ၊သူနဲ့အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ မွေးနေ့နဲ့တခြားနေ့ထူးေ န့မြတ်တွေကို ဘယ်တုန်းကမှ မမေ့ဖူးဘူးလို့ သိရပါတယ်။ အမြဲတမ်းအမှတ်တရနဲ့ နှစ်တိုင်း မမေ့မလျော့ပဲ ဆုတောင်းစကားပို့တာ၊လက်ဆောင်ပစ္စည်းပို့တာတွေ လုပ်လေ့ ရှိပါတယ်။

# လန်ဒန်မှာရှိတဲ့ Madame Tussaud ဖယောင်းရုပ်တုပြတိုက်မှာ ပုံတူရုပ်တု အထားခံခဲ့ရတဲ့ ပထမဆုံးအာရှသရုပ်ဆောင်မင်းသားပါ။

ပညာတော်တဲ့ မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပြီး အရင်တုန်းက နာမည်က  Inquilaab လို့ မိဘတွေက အမည်ပေးခဲ့တာပါ။နောက်ပိုင်းကျမှသာ  Amitabh လို့ ပြောင်းခဲ့တာပါ။

#အမီတာဘဂျမ်းရဲ့ ပထမဆုံးလစာဟာ Rs 300 သာရခဲ့ပါတယ်။အဲ့ဒီဘ၀ ကနေမှ ဒီကနေ့မှာတော့ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူအဖြစ် ရပ် တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

# လက်ပတ်နာရီ၊ဖောင်တိန်တွေကို စုဆောင်းရတာ ၀ါသနာပါသူဖြစ်ပါတယ်။ ကား(၁၁)စီးထက်မနည်းပိုင်ဆိုင်ထားသူပါ။

အမီတာဘဂျမ်းဟာ Mahaan ဆိုတဲ့ဇာတ်ကားမှာ သုံးကိုယ်ခွဲ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

#သူ့ရဲ့ အကြိုက်ဆုံး ဇာတ်ကောင် သရုပ်ဆောင်နာမည်ကတော့ Vijay ဖြစ်ပါတယ်။အဲ့ဒီနာမည်နဲ့ပဲ ဇာတ်လမ်းပေါင်း(၂၀)ကျော်မှာ ပါဝင်သရုပ်ဆောင်  ခဲ့ဖူးပါတယ်။နောက်ထပ်ကြိုက်တဲ့ နာမည်ကတော့ Amit ပါ။

#Shootout at Lokhandwala ဆိုတဲ့ ဇာတ်ကားမှာ ဇာတ်ဝင်ခန်း (၂၃)ခန်း ကို(၅)နာရီအတွင်းမှာ အသံသွင်းပေးခဲ့ပြီး စံချိန်တင်ထားတဲ့ နှုန်းပါ။

Ref;bollywoodlife

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။