Hrithik Roshan ဟာ ရုပ်ရှင်လောကထဲမှာကျင်လည်နေခဲ့တာ နှစ်၂၀လောက်ရှိပါပြီ။ သူဟာ၂၀၀၀ ခုနှစ်ကစပြီး Kaho Na Pyaar Hai အမည်ရတဲ့ဇာတ်ကားနဲ့ ဘောလီးဝုဒ်မှာပွဲဦးထွက်ခဲ့တာပါ။ သူဖြတ်သန်းလာခဲ့တဲ့ အနုပညာခရီးကိုပြန်ကြည့်တဲ့အခါမှာတော့ အလုပ်အပေါ်မှာ စိတ်ဝင်တစားနဲ့ အကောင်းဆုံးလုပ်ကိုင်တတ်တဲ့ Roshan ကို တွေ့ရမှာပဲဖြစ်ပါတယ်။
မကြာသေးခင်က Roshan ဟာ IANS နဲ့ အင်တာဗျူးဖြေခဲ့ပါတယ်။ ဒီအင်တာဗျူးမှာတော့ သူ့ရဲ့အနုပညာခရီးလမ်းနဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သူဘယ်လိုတိုးတက်မှုတွေရှိခဲ့တယ်ဆိုတာ ပြောသွားခဲ့ပါတယ်။ “ကျွန်တော့်အထင် ကျွန်တော်က ပိုပြီးခွင့်လွှတ်တတ်လာတယ်။ အခုဆို ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပိုပြီးယုံကြည်မှုရှိလာတယ်။ ဒီအချက်က အမြင်ပွင့်စေပါတယ်။”
View this post on Instagram
ဒါ့ပြင် Roshan က ပြီးခဲ့တဲ့ အနှစ်၂၀လုံးလုံး သရုပ်ဆောင်တစ်ဦးအနေနဲ့ ပျော်ရွှင်မှုရှိခဲ့ကြောင်းလည်း ပြောပါတယ်။ လတ်တလော ဇာတ်လမ်းဇာတ်ကွက်တွေ၊ ပရိသတ်တွေနဲ့ နည်းပညာတို့က ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေတဲ့အတွက် အပြင်မှာလေ့လာစရာတွေ အများကြီးရှိတယ်လို့ သူပြောပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာကို ရောက်နေတာပေါ့။ ကျွန်တော့်အလုပ်ရဲ့နောက်တစ်ဆင့်အတွက် ကျွန်တော် စိတ်လှုပ်ရှားမိတယ်။”
Roshan ကို လော့ဒေါင်းနဲ့ပတ်သက်ပြီးမေးတဲ့အခါမှာတော့ သူက ရိုက်ကွင်းတွေလွတ်ခဲ့ရတယ် ဆိုပါတယ်။ ဒါပေမဲ့လည်း အခုဆိုရင်တော့ အဝေးစနစ်နဲ့ပဲ သူအလုပ်လုပ်နေရတာပါ။ ကိုရိုနာကပ်ရောဂါအတွင်း လော့ဒေါင်းအခြေအနေနဲ့သာ ရင်မဆိုင်ရရင် အလုပ်အများကြီးတွင်မှာလို့လည်း သူက ဖြေခဲ့ပါတယ်။
View this post on Instagram
သူ့အနာဂတ်ခရီးနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ Roshan က သူဟာ ပြီးခဲ့တဲ့လပိုင်းတွေကပဲ စာရေးဆရာတွေ၊ ဒါရိုက်တာတွေနဲ့ အများကြီးဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။ ဇာတ်ညွှန်းတွေအများကြီး ဖတ်ဖြစ်တဲ့အပြင် ဇာတ်လမ်းထဲ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာဖြစ်အောင် ဘယ်လိုအိုင်ဒီယာတွေထည့်သွင်းမလဲဆိုတာလည်း တွေးခဲ့တယ်လို့ ပြောပြပါတယ်။ အခုဆိုရင်တော့ Roshan ဟာ တီဗီဖန်သားပြင်ပေါ်မှာ သရုပ်ဆောင်၊ ပရိုဂျူဆာတစ်ဦးအဖြစ်နဲ့ သူ့အိုင်ဒီယာကိုအကောင်အထည်ပေါ်လာဖို့ မျှော်လင့်နေကြောင်းလည်း pinkvilla သတင်းစာမျက်နှာအရ သိရပါတယ်။
LS