ဘောလီးဝုဒ်ရဲ့အထက်တန်းဆန်ဆန် အပျံစားစုံတွဲ Ranveer Singh နဲ့ Deepika Padukone တို့ဟာ လွန်ခဲ့တဲ့ ၂နှစ်ကမှ အိန္ဒိယရိုးရာအတိုင်း လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးလက်ထပ်တော့မယ်လို့ ကြေညာတဲ့အချိန်မှာတော့ ကိုယ်ရည်ကိုယ်သွေးချင်းဆန့်ကျင်ဘက်ဖြစ်ကြတဲ့ သူတို့နှစ်ဦးကိုကြည့်ပြီး ပရိသတ်တွေက အံ့အားသင့်ခဲ့ကြတာပါ။ Ranveer ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး Deepika က အခုလို ဆိုပါတယ်။
View this post on Instagram
“Ranveer က တစ်ချိန်လုံး လူတွေရဲ့စိတ်ထဲမှာထင်နေသလိုမျိုးချည်း ရှိနေတာမဟုတ်ပါဘူး။ သူနဲ့ ကျွန်မနဲ့ အတူရှိလာတာ ၈နှစ်ပေါ့နော်။ (၆နှစ်ကြာတွဲခဲ့ပြီး အိမ်ထောင်သက်က ၂နှစ်ရှိပါပြီ) အခုထိ တစ်ယောက်ကိုတစ်ယောက် စူးစမ်းရှာဖွေနေကြတုန်းပဲ။ ကျွန်မကတော့ ဒါဟာ ဆက်ဆံရေးတစ်ခုရဲ့အလှတရားလို့ထင်မိတယ်။ ကျွန်မတို့က သူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးပြီးမှ ချစ်သူတွေဖြစ်လာတာပါ။ ကျွန်မတို့နှစ်ယောက်က ကွာခြားပေမယ့် နေရာတစ်ခုမှာတော့ ချိတ်ဆက်မိကြတယ်လေ။ ဒီနေ့ထိ သူ ကျွန်မအကြောင်း အကုန်သိတယ်လို့ ကျွန်မမထင်ဘူး။ ကျွန်မလည်းပဲ သူ့အကြောင်း အကုန်သိတယ်လို့ မပြောနိုင်ပါဘူး။”
View this post on Instagram
Deepika က သူတို့ဟာ လင်မယားအချင်းချင်းဆီက အကြံဉာဏ်ယူပေမယ့် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကိုတော့ ဝင်မစွက်ဖက်ကြဘူးလို့ ဆိုပါတယ်။ “ကျွန်မတို့ စကားတွေပြောကြတယ်။ သူကလည်း သူ့ကိုကမ်းလှမ်းတဲ့ရုပ်ရှင်တွေအကြောင်း၊ တွေ့ဆုံပွဲတွေအကြောင်းပေါ့။ ကျွန်မကလည်း ကျွန်မကိုကမ်းလှမ်းတဲ့ရုပ်ရှင်တွေနဲ့ စဉ်းစားနေတယ်ဆိုတဲ့အကြောင်းတွေ။ ဒါပေမဲ့ ကျွန်မတို့က တစ်ယောက်ရဲ့အလုပ်ကို တစ်ယောက်က ဝင်စွက်ဖက်တာမျိုးမရှိပါဘူး။”
View this post on Instagram
“တကယ်လို့ သူပဲဖြစ်ဖြစ် ကျွန်မပဲဖြစ်ဖြစ် တစ်ခုခုပေါ့ အလုပ်နဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ့ခဲ့ရင် အချင်းချင်းပြောပြတယ်။ နားထောင်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် လမ်းညွှန်ပေးတယ်။ ဒါပေမဲ့ အဆုံးကျတော့လည်း ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချကြပါတယ်။” Deepika ဟာ အိမ်ရှင်မကောင်းပီသသူတစ်ဦးဖြစ်ပြီး အိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်ကိုင်ရတာ နှစ်သက်သူလည်းဖြစ်ပါတယ်။ ရုံးနဲ့အိမ်ကို စီမံခန့်ခွဲရေးအလုပ်တွေကိုလည်း သူမတစ်ဦးတည်းလုပ်ကိုင်လေ့ရှိတဲ့အပြင် အိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာလည်း သူမကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတတ်ကြောင်း storypick အရ သိရပါတယ်။
CeleNow