ဘောလိဝုဒ်ရဲ့ ၀င်ငွေအကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်တဲ့ Deepika Padukone ကတော့ သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဖက်ရှင်ပိုင်းမှာပါ အမြဲတမ်းထူးထူးခြားခြားလေးဖြစ်အောင် ၀တ်ဆင်တတ်တဲ့ စတိုင်ကျသူအဖြစ် အသိအမှတ်ပြုခံထားရသူပါ။ သူမရဲ့ မကြာခင်ထွက်ရှိတော့မယ့် ဇာတ်ကားသစ် ‘Padmavati’ ရဲ့ ပရိုမိုးရှင်းပွဲတစ်ခုကို တက်ရောက်လာတဲ့ သူမရဲ့ ဖက်ရှင်ဟာ အတော်လေးလူပြောများနေပါတယ်။

AFP PHOTO / STR

ဝတ်ဆင်လာတာကတော့ အနက်ရောင် ဆာရီကို ၀တ်ဆင်လာတာပါ။ ဒါပေမယ့် sexy ကျကျ လှပတဲ့ ဆာရီတစ်ခုဖြစ်အောင် ဖန်တီးထားတဲ့ ဒီဇိုင်းဆန်းတဲ့ ဆာရီမျိုးပါ။ အမြဲတမ်း ဆာရီကို စတိုင်အသွင်ဆန်းအောင် ၀တ်ဆင်တတ်တဲ့ သူမဟာ ဒီတစ်ခါမှာလည်း တကယ်ကို sexy ကျကျနဲ့ အသွင်တစ်မျိုးဆန်းအောင် ၀တ်ဆင်ပြလိုက်ပြန်ပြီ။ သူမရှေ့မှာ ဒူးထောက် အရှုံးပေးရလောက်မယ့် အလှမျိုးဆိုပြီး မီဒီယာတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

 

Deepika ဟာ လတ်တလောမှာတော့ မကြာခင်ထွက်ရှိတော့မယ့် ဇာတ်ကားသစ်အတွက် ပရိုမိုးရှင်းပွဲတွေ လုပ်နေပါတယ်။ သူမရဲ့ ဇာတ်ကားသစ် ‘Padmavati’ မှာတော့ သူမနဲ့ အတူ မင်းသား Shahid Kapoor နဲ့ Ranveer Singh တို့လည်း အဓိကပါဝင်ထားပါတယ်။ ဒီကားမှာတော့ Deepika က Rani Padmini ဆိုတဲ့ နေရာကနေ သရုပ်ဆောင်ထားတာပါ။ ဒီကားကတော့ ဒီဇင်ဘာ(၁)ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဇာတ်ကားရဲ့ ပိုစတာ၊Trailer နဲ့တင် ပရိသတ်တွေ ရဲ့ အထူးနှစ်ခြိုက် စိတ်ဝင်စားခြင်းကို ခံထားရပြီး ဘောလိဝုဒ်ဇာတ်ကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေနဲ့ Deepika ကို အားပေးတဲ့ ပရိသတ်တွေ သေချာပေါက် အကြိုက်တွေ့ဦးမယ့် ဇာတ်ကားကောင်းဖြစ်လာမှာပါ။

source India time

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။