အိန္ဒိယရဲ့ ဘောလိဝုဒ်ဇာတ်ကားတွေကို ကြည့်လိုက်ရင် သရုပ်ဆောင်ပီပြင် လွန်းတဲ့ ကလေးသရုပ်ဆောင်တွေကို တွေ့ရမှာပါ။ကလေးတစ်ယောက်က သ ရုပ်ဆောင်နေတယ်ဆိုပေမယ့် တကယ့်ဝါရင့်သရုပ်ဆောင်တစ်ယောက် ၀င်ပြီး သရုပ်ဆောင်နေသလို အရမ်းပီပြင်လွန်းနေတာကို တွေ့ရပါတယ်။အောက်မှာ ဖော်ပြထားတဲ့ ကလေးသရုပ်ဆောင်တွေဟာနာမည်ကြီးတွေဖြစ်ပြီး၊ ဆုတွေအများကြီးရထားတဲ့ ကလေးတွေပါ။

Udann

1. Spandan Chaturvedi 

ဒီကလေးမလေးဟာ အခုဆိုရင်တော့ အသက်(၉)နှစ်ရှိနေပါပြီ။ (၂၀ ၁၂) ခုနှစ်က  Ek Veer Ki Ardaas…Veera ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သ ရုပ်ဆောင်ပြီး အနုပညာနယ်ပယ်ထဲကို ၀င်လာခဲ့သူလေးပါ။ရုပ်သံကြော်ငြာေ တ်ာတော်များများမှာ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်လမ်းတွေမှာ ၀င်လာခဲ့သူပါ။ Zee Gold Awards ဆုအပါအ၀င် ဆုတွေအများကြီး ရရှိထားတဲ့ ကလေးသရုပ်ဆောင်ပါ။

2.Siddharth Nigam 

အခုဆိုရင်တော့ အသက်(၁၆)နှစ်ရှိပါပြီ။Bournvita ကြော်ငြာနဲ့နာမည်ကြီး လာခဲ့ပြီး နောက်ပိုင်းမှာတော့ Dhoom 3 ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။သူ့ရဲ့ နာမည်ကြီးဇာတ်ကားကတော့ Chakravartin Ashoka Samrat (ဘုန်းမီးနေလ မဟာအာသောက)ဆိုတဲ့  အသောကမင်းတရားကြီး ရဲ့ ရာဇ၀င်ဇာတ်ကားပါ။ဝင်ရောက်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းရဲ့ ဇာတ်ကောင်တိုင်းဟာ တကယ့်အခက်တွေဖြစ်ကာ လူတိုင်းသရုပ်မဆောင်နို င်တဲ့ ဇာတ်ရုပ်မျိုးပါ။

3. Harshita Ojha 

(၆)နှစ်သမီးအရွယ်တည်းက Veera ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အဓိကနေရာ ကနေ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ပရိသတ်တော်တော်များများကသူမရဲ့ ချစ် စရာကောင်းတဲ့ အပြုံးလေးကို အမြဲအမှတ်ရနေကြပါတယ်။Chennai Express ဆိုတဲ့ ဇာတ်ကားထဲမှာ Shah Rukh Khan ရဲ့ တူမအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

4.Bhavesh Balchandani 

အခုဆိုရင်တော့ (၁၆)နှစ်ပါ။Veera  ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Ranvijay ကေ လးဘ၀အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ကြော်ငြာပေါင်း(၄၀)ကျော်မှာ လည်းပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံး ပါဝင်သရုပ်ဆောင်နိုင်တဲ့ ကလေးသရုပ်ဆောင်ကောင်းတွေထဲက တစ်ယောက်ပါ။

5.Darsheel Safary

အခုဆိုရင်တော့ အသက်(၂၀)ရှိနေပါပြီ။ကလေးသရုပ်ဆောင်လို့တော့ ပြောလို့မရတော့ပေမယ့် သူငယ်ငယ်က သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို မြန်မာပရိသတ်တော်တော်များများက သဘောကျနှစ်ခြိုက်ခဲ့တာကြောင့် ပြန်သတိရအောင် ထည့်သွင်းဖော်ပြပေးလိုက်တာပါ။Taare Zameen Par ၊Bumm Bumm Bole၊Zokkomon စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီး ခဲ့သူလေးပါ။အခုရုပ်ကတော့ ငယ်ငယ်က Darsheel Safary နဲ့တော့ လုံးဝမတူပဲ ပြောင်းလဲ သွားတာကို တွေ့ရမှာပါ။

Ref;indiatimes

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။