ဘော်လိဝုဒ်တွင် Akshay Kumar သည် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်မင်းသားပဲဖြစ်ပါတယ်။ သူရဲ့ပရိသတ်တွေအတွက် Akshay Kumar ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Akshay Kumar ရဲ့ နာမည်အရင်းကတော့ Rajeev Bhatia ဖြစ်ပြီး သူရဲ့ အဖေ Hari Om Bhatia သည် စစ်ရေးစစ်ရာ ၀န်ထမ်းဖြစ်ပါတယ်။ Akshay သည် သူရဲ့ ရုပ်ရှင် ထုတ်လုပ်ရေးနာမည်ကို သူရဲ့အဖေနာမည်ပေးထားပါတယ်တဲ့။ ငယ်ငယ်ကတည်းက ကိုယ်ခံပညာကိုစိတ်ဝင်စားခဲ့လို့ အနက်ခါးပတ် တိုက်ဂွမ်ဒို ကိုရထားပါတယ်။ ထိုနောက် ဘန်ကောက်မှာ နေခဲ့ပြီး ထိုင်းလက်ဝှေ့ပညာကိုသင်ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကိုပြန်ရောက်လာတော့ ကိုယ်ခံပညာကို ဆက်လက်သင်ယူခဲ့ပြီး သူငယ်ချင်းတစ်ယောက် အဆက်အသွယ်ဖြင့် မော်ဒယ်လောကထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

မော်ဒယ်ကြေး နှစ်ရက်စာက သူရဲ့ တစ်လလုံးစာနဲ့ညီနေတာကို သိလိုက်ရတော့ အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ သူလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ရုပ်ရှင် ရိုက်ကူးရေး စတူဒီယိုကို လိုက်သွားခဲ့ရာမှာ ခေါင်းဆောင်မင်းသားလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ “သရုပ်ဆောင်လုပ်ခါစက ငွေပိုရချင်တော့  ကမ်းလှမ်းလာသမျှဇာတ်ကားတွေကို အကုန်ရိုက်ခဲ့တယ် ။ နောက်ပိုင်း ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်တွေကိုပဲ ရိုက်ဖြစ်တော့လို့ တစ်နှစ်မှာ ၃ကား ၄ကားလောက်ပဲတွေ့ရတာပါ” လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဇာတ်ကားတွေမှာ အသက်ငယ်တယ်ထင်အောင် မိတ်ကပ်တွေ မတရားလိမ်းထားတာတွေ မရှိပါဘူး။ အပြင် အသက် ၅၀ ရှိပြီးဆို ရုပ်ရည်ကလည်း ၅၀ နဲ့လိုက်တဲ့ ရုပ်ရည်ပဲဖြစ်ရပါမယ်တဲ့။ ၀ိတ်ကစားတဲ့အခါမှာလည်း ဘာပစ္စည်းကိရိယာမှ မသုံးပါဘူး။ ဥပမာ – လမ်းလျှောက်ထွက်တယ်၊ ပြေးတယ်၊ boxing ထိုးတယ်၊ တိုက်ကွမ်ဒိုကစားတယ် အစရှိသဖြင့် ၀ိတ်ထိန်းပါတယ်။ ည၇နာရီနောက်ပိုင်း ညစာစားသုံးခြင်းက ကယ်လိုရီတွေကို မချေဖျက်တော့ပါဘူးဆိုပြီး ည၇နာရီကော်ျတာနဲ့ ညစာမစားတော့ပါဘူးတဲ့။

များသောအားဖြင့် သူကို Honda CRV ကားနဲ့ပဲတွေ့ရတာပါ။ Akshay Kumar သည် သူရဲ့တစ်ကိုယ့်တာ အသုံးစရိတ်ကို တစ်လ ဒေါ်လာ 1000 အောက်ပဲသုံးပါတယ်တဲ့နော်

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။