Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ Kangana Ranaut ကိုတော့ Bollywood ရုပ်ရှင်ပရိသတ်တော်တော်များများ သိကြပြီးဖြစ်မှာပါ။ မျက်လုံးဝိုင်းကြီးတွေနဲ့ နှာတံစင်းစင်းလေးကို ပိုင်ဆိုင်ထားတဲ့ Kangana ဟာ Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို သရုပ်ဆောင်ကြေး အမြင့်ဆုံး Bollywood ရုပ်ရှင်မင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး Queen, Panga,Thalaivi, Gangster, Tanu Weds manu အစရှိတဲ့ နာမည်ကြီး Bollywood ရုပ်ရှင်ဇာတ်ကားတွေမှာ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုပြောပြချင်တာကတော့ မင်းသမီးချောလေး Kangana အကြောင်း ပရိသတ်တော်တော်များများ မသိလောက်သေးတဲ့ အချက် ၆ ချက်ပဲ ဖြစ်ပါတယ်။

 

၁။ Kangana ဟာ National Film Awards ကဆုတွေကိုရရှိခဲ့တဲ့ အသက်အငယ်ဆုံး မင်းသမီးတစ်ယောက်ပါပဲ

Kangana ဟာ အသက် (၂၂) နှစ်အရွယ်ကတည်းက ရုပ်ရှင်သရုပ်ဆောင်ဆုတွေကို စတင်ရရှိခဲ့တဲ့ Bollywood မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ ၂၀၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gangster ဇာတ်ကားနဲ့ Best Female Debut ဆု၊ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fashion ဇာတ်ကားနဲ့ Best Supporting Actress ဆု၊ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Queen ဇာတ်ကားနဲ့ Best Actress ဆု၊ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲံ Tanu Weds Manu ဇာတ်ကားနဲ့ Best Actress ဆု အစရှိတဲ့ ဆုပေါင်းများစွာကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၂။ Kangana ရဲ့ နာမည်အရင်းက Kangana Amardeep Ranaut ပဲ ဖြစ်ပါတယ်

ပရိသတ်အများစုက Kangana ရဲ့ နာမည်အရင်းကို မသိပါဘူး။ Kangana ရဲ့ နာမည်အရင်းကတော့ Kangana Amardeep Ranaut ပဲ ဖြစ်ပါတယ်။ Kangana နဲ့ ရင်းနှီးသူ တော်တော်များများကတော့ Kangana ကို Arshad လို့လည်း ခေါ်လေ့ ရှိပါတယ်။

 

၃။ Kangana ဟာ ဘတ်စကတ်ဘော ကစားနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သူတစ်ယောက် ဖြစ်ပါတယ်

Kangana ဟာ DAV အထက်တန်းကျောင်းသူဘဝကတည်းက နာမည်ကြီး ဘတ်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းရဲ့ အသင်းခေါင်းတောင်တစ်ဦးဖြစ်သလို အဆိုပါအသင်းနဲ့ပဲ ဆုဖလားပေါင်းများစွာကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

၎။ Kangana ဟာ ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့သူပါ

Kangana ရဲ့ ငယ်ဘဝအိမ်မက်ကတော့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဆေးကျောင်း မတက်ပဲနဲ့ Bollywood ရုပ်ရှင်လောကထဲကို မထင်မှတ်ပဲ ရောက်ရှိလာခဲ့ပါတယ်။ အကြောင်းကတော့ class 12 ရဲ့ နောက်ဆုံးစာမေးပွဲမှာ chemistry ဘာသာရပ်ကို ကျရှုံးခဲ့လို့ပဲ ဖြစ်ပါတယ်။

 

၅။ Kangana ဟာ ဟင်းသီးဟင်းရွက်ကိုသာ စားသောက်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်

Kangana ဟာ အသားငါးကို လုံးဝမစားပဲ သက်သက်လွတ်ဟင်းကိုသာ စားသုံးပြီ သူမစားမယ့်ဟင်းကို စိတ်ကြိုက် သူမကိုယ်တိုင် ချက်ပြုတ်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က PETA ရဲ့ စစ်တမ်းအရဆိုရင် India’s hottest vegetarian တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

၆။ Kangana ဟာ အခုအချိန်အထိ ရုပ်ရှင်ဇာတ်ကား ၁၀ ကားသာ ကြည့်ရှု့ဖူးသူတစ်ယောက်ဖြစ်ပါတယ်

Kangana ဟာ သူမရဲ့ အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းသာ အချိန်ကုန်ဆုံးလေ့ရှိသူ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အထိ သူမရဲ့ ဘဝမှာ ရုပ်ရှင်ဇာတ်ကား ၁၀ ကားသာ ကြည့်ရှု့ခဲ့ဖူးကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

 

Pyi Hein Kyaw