အိန္ဒိယသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Ranveer Singh ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်နေ့မှာ အသက်၃၅နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခုအခါမှာတော့ ဘောလီးဝုဒ်နဲ့ သူစိမ်းအဖြစ်ကနေ ဆယ်စုနှစ်တစ်ခုအတွင်း စူပါစတားဖြစ်လာတဲ့ Ranverr Singh အကြောင်းကို scmp ကတဆင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Singh ဟာ အသက် ၂၄နှစ်မှာ ရုပ်ရှင်မြို့တော်မွမ်ဘိုင်းကိုလာပြီး အခြေချခဲ့ပါတယ်။ ဟောလီးဝုဒ်မှာ သူ့လိုပဲ အောင်မြင်ချင်တဲ့လူငယ်တွေအများကြီးရှိတဲ့အထဲကမှ တကယ်တမ်း အောင်မြင်သူက လက်တစ်ဆုပ်စာပဲရှိပါတယ်။ ၂၀၁၀ခုနှစ်မှာတော့ မွမ်ဘိုင်းက အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Yash Raj Studios က သရုပ်ဆောင်ဒါရိုက်တာ Shanoo Sharma ဟာ Singh နဲ့တွေ့ပါတယ်။ Band Baaja Baaraat ဇာတ်ကားမှာ Singh ကို ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်စေဖို့ ဖြစ်ပါတယ်။ နောက်ထပ်ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Karan Johar ကတော့ Singh ကို အကြိမ်ပေါင်းများစွာ သရုပ်ဆောင်ခိုင်းပြီးတဲ့နောက် Singh ဟာ သာမန်ပါပဲ၊ ဇာတ်ကားအတွက် ဘာမှထူးခြားမှုမရှိဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ Band Baaja Baaraat ဇာတ်ကားလည်းထွက်လာရော Singh ဟာ ထင်ထားတာထက်ကို ပိုအောင်မြင်မှုရခဲ့ပြီး ဝေဖန်ရေးသမားတွေကလည်း Singh ရဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်ချက်ကို နှစ်သက်ခဲ့ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Singh ဟာ Karan Johar နဲ့ Koffee with Karan talk-show တစ်ခုမှာ ပြန်တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Johar က ထူးခြားတဲ့မင်းသားတစ်လက်မှန်းမသိဘဲ အထင်သေးခဲ့မိတဲ့အတွက် Singh ကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Singh ကို Jagjit Singh နဲ့ Anju Bhavnani တို့က မွေးဖွားခဲ့ပြီး အမည်ရင်းက Ranveer Singh Bhavnani ဖြစ်တယ်။ Singh ဟာ ဘောလီးဝုဒ်ရဲ့ဘုရင်မတစ်ပါးဖြစ်တဲ့ Deepika Padukone နဲ့ အချစ်ရေးကိုလည်း သိုဝှက်ထားခဲ့ပါတယ်။ Singh နဲ့ Padukone တို့ဟာ အီတလီနိုင်ငံ Lake Como မှာပဲ နီးစပ်ရာမိသားစုအသိုင်းအဝိုင်းနဲ့ တိတ်တဆိတ်မင်္ဂလာပွဲလုပ်ခဲ့တာပါ။ သူတို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်တဲ့အခါကျမှ အားလုံးသိခဲ့ကြတာပါ။ မင်္ဂလာဆောင်ကိုတော့ Padukone မိသားစုအတွက် အိန္ဒိယတောင်ပိုင်းမင်္ဂလာပွဲစတိုင်၊ Singh မိသားစုအတွက်တော့ အိန္ဒိယမြောက်ပိုင်းမင်္ဂလာပွဲစတိုင်နဲ့ နှစ်မျိုးကျင်းပခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Singh နဲ့ Padukone တို့ဟာ ရိုမီယက်နဲ့ ဂျူးလိယက်ကို အိန္ဒိယစတိုင်ပြန်ရိုက်ကူးထားတဲ့ Goliyon Ki Raasleela Ram-Leela (2013) မှာအတူသရုပ်ဆောင်ရင်း ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ Singh ဟာ ထူးထူးဆန်းဆန်း ဖက်ရှင်တွေကိုလည်း စတိုင်ကျကျဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။
View this post on Instagram
Singh ရဲ့ နောက်ဆုံးသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကတော့ 83 ရုပ်ရှင်ဇာတ်ကားဖြစ်ကာ ခရစ်ကတ်ကစားနည်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇနီးသည်ဖြစ်သူ Padukone နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာမှာထွက်ရှိမယ်လို့တော့ တွေ့ရပါတယ်။
လင်းလင်း