လူပျိုကြီး Gong Yoo  ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းတခြမ်းပါ။ဝန်းရံအားပေးတဲ့ ပရိသတ်တွေ အခုထိ ကို အများကြီးရှိနေစဲပါ။BLACKPINK ဟာ ဇွန်လ(၁၉)ရက်နေ့က “Ji Suk Jin’s 2 O’Clock Date.”  ရေဒီယိုပရိုဂရမ်မှာ ဧည့်သည်အဖြစ်  ပါဝင်ခဲ့ပါတယ်။Show အတွင်းမှာတော့ Rosé  က သူမကြိုက်တဲ့ စိတ်ကူးထဲက ချစ်သူပုံစံကို ပြောပြခဲ့ပါတယ်။သူမရဲ့ စိတ်ကူးထဲက ချစ်သူပုံစံကတော့ Gong Yoo ပါ။သူမကတော့ ‘Coffee Prince,’ ဇာတ်ကားမှာတည်းက ကြိုက်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

pinterest

 

pinterest

 

“ Coffee Prince,’  ဇာတ်ကားထဲက ကြိုက်ခဲ့တာပါ..ကျမက သူ့ရဲ့ အမာခံပရိသတ်ပါ..သြစတြေးလျ မှာတုန်းက တစ်ကြိမ်ကြည့်တယ်..ကိုရီးယားပြန်လာပြီးနောက်မှာတော့ နှစ်ကြိမ်ထက် မနည်းကြည့်ခဲ့တယ်..” လို့ သူမရဲ့ အားေ ပးမှု ကို ပြောပြခဲ့ပါတယ်။Gong Yoo အပေါ် ဘယ်လိုတောင် စွဲလမ်းလဲ ဆိုတော့.. “‘Train to Busan. နောက်ဆုံး ခန်းမှာ Gong Yoo ရထားပေါ်က ကျသွားတော့ ကျမမှ ငိုတောင်ငိုခဲ့ရတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။လက်ချောင်းလေး နဲ့ အသဲ ပုံလုပ်ပြရင်း” ချစ်တယ်” ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။

soompi
soompi

တခြား BLACKPINK အဖွဲ့ဝင်တွေကလည်း သူတို့လည်း  Gong Yoo ရဲ့ ပရိသတ်တွေ ပါလို့ ပြောခဲ့ပါတယ်။Rosé ကတော့ မန်နေဂျာမပါတဲ့ အားလပ်တဲ့ ရက်ရခဲ့ရင် ..သူမအနေနဲ့ ကစားကွင်းကို သွားပြီး ရိုလာကိုစတာ စီးချင် တယ်လို့ လည်း ပြောခဲ့ပါတယ်။Gong Yoo များအနားကနေ ဖြတ်သွားခဲ့ရင် ဘာလုပ်မလဲလို့ မေးတဲ့ အခါမှာတော့..” အားလုံးကို ဒီအတိုင်းထားခဲ့ပြီး သူ့ကိုပဲ စိုက်ကြည့်နေပစ်လိုက်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။

soompi
pinterset

Source soompi