BLACKPINK အဖွဲ့ဝင်  Jisoo  ကတော့ လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်၊အမြဲတက်ကြွနေပြီး သူမရဲ့ ဘေးကသူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်စွမ်းရှိတဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများပါတယ်။ သူမကတော့  မျက်နာတည်တည်နေတတ်တဲ့ G-Dragon ကိုတောင် ပြုံးသွားအောင်လုပ်ပေးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

koreaboo
koreaboo

အဲဒီအဖြစ်အပျက်ကတော့ Kwon Ji Young Act III: Motte ဆိုတဲ့ G-Dragon ရဲ့ စစ်မှုထမ်းမသွားခင်မှာ ပြုလုပ်တဲ့ နောက်ဆုံးတစ်ကိုယ်တော် ရှိုးပွဲအတွက် ပြင်ဆင်နေချိန်ကို ရိုက်ကူးထားတဲ့ Documentry မှာပါလာတာဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ G-Dragon တစ်ယောက် သူရဲ့ အယ်လ်ဘမ်အသစ်နဲ့ ဖျော်ဖြေပွဲတွေအတွက် အရမ်းကို ပင်ပန်ပြီး စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်ဆိုတာ V.I.P. တွေတော်တော်များများသိကြမှာပါ။

koreaboo
koreaboo
 အဲဒီ documentary ထဲမှာတော့ G-Dragon က သူရဲ့ မိတ်ကပ်ဆရာနဲ့အတူ ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေတာဖြစ်ပြီး BLACKPINK အဖွဲ့က သူတို့ရဲ့ စီနီယာ G-Dragon ကို အားပေးဖို့အတွက် ရောက်လာခဲ့တာဖြစ်ပါတယ်။ စိတ်လှုပ်ရှားပြီး ပြင်ဆင်နေတဲ့ G-Dragonကို Jisoo ကတော့ ဟာသလေးတစ်ခုပြောလိုက်ပြီး ပြုံးသွားစေခဲ့တာဖြစ်ပါတယ်။
koreaboo
koreaboo
Jisoo ကတော့ G-Dragon မိတ်ကပ်ပြင်တဲ့အနားကို ရောက်လာခဲ့ပြီး အစ်ကို သုံးတဲ့မိတ်ကပ်က ညီမသုံးတာနဲ့ အတူတူပဲလို့ နောက်လိုက်တာဖြစ်ပါတယ်။ G-Dragon ကတော့ ပြုံးသွားခဲ့ပြီး ဒီနေ့တစ်ေ်န့လုံး ဒါပထမဆုံးအကြိမ် ပြုံးတာပဲလို့ ပြန်ပြောခဲ့ပါတယ်။ ဒါ့အပြင် Jisoo က စားပွဲပေါ်က G-Dragonရဲ့ အယ်လ်ဘမ်ကို တောင်းတော့လည်း အယ်လ်ဘမ်ကို ပေးခဲ့ပါတယ်။ Jisoo လေးကတော့ ဘယ်သူ့ကိုမဆို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ ချစ်စရာလူသားလေးပါပဲနော်။
koreaboo

Source: Koreaboo