November 26 ရက်နေ့မှာတော့ 2020 APAN Music Awards ရဲ့ ဆုစာရင်းမှာပါဝင်တဲ့ top 10 artists တွေကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့ဆုစာရင်းထဲမှာတော့ BLACKPINK အဖွဲ့ဟာ မပါဝင်နေခဲ့ပါဘူး။ ဒီအတွက် BLACKPINK ရဲ့ပရိတ်သတ်တွေက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြပါတယ်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
2020 APAN Music Awards ပွဲကို အစပိုင်းမှာတော့ November 28 ရက်နေ့ Kyunghee University Grand Peace Palace မှာကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ COVID – 19 ကူးစက်မှုတွေကြောင့် ပွဲကို ရွေ့ဆိုင်းလိုက်ရတာပါ။
View this post on Instagram
ဒီပွဲအတွက် winner တွေကိုတော့ အခွေရောင်းရနှုန်း၊ digital rankings, လူကြိုက်အများဆုံး အပြင် ဒိုင်တွေဆီက ရမှတ်တွေနဲ့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ဆုကိုတော့ “2020 ခုနှစ်ရဲ့ အတောက်ပဆုံးနဲ့ အကောင်းဆုံး အဆိုရှင်တွေ” ဆိုတဲ့ ဆုကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ ဆုရရှိတဲ့ top 10 စာရင်းမှာတော့ Kang Daniel, The Boyz, MONSTA X, BTS, SEVENTEEN, IZ*ONE, Im Young Woong, GOT7, NCT 127, နဲ့ TWICE တို့ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။
View this post on Instagram
BLACKPINK ဟာ ဒီနှစ်ထဲမှာ ‘The Album’ ဆိုတဲ့အခွေသစ်နဲ့ အားလုံးရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားခဲ့ပေမယ့် ဒီစာရင်းထဲမှာ မပါဝင်လာတာကို အားလုံးက သတိထားမိစေခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ pre-orders အခွေ တစ်သန်းအထိကို လက်ခံရရှိခဲ့ရုံမက အခွေစထွက်တဲ့နေ့မှာပဲ ထပ်ပြီး အခွေပေါင်း 590,000 အထိကို ရောင်းချနိုင်ခဲ့ပြီး အချိန်တိုလေးအတွင်းမှာ အမြင့်ဆုံး ရောင်းချနိုင်ခဲ့ပါတယ်။
View this post on Instagram
Digital ranking အားဖြင့်လည်း BLACKPINK အဖွဲ့ရဲ့ ‘Lovesick Girls’ သီချင်းဟာ MelOn Charts မှာ နှစ်လနီးပါးကို top 5 နေရာမှာ နေရာယူထားခဲ့ပါတယ်။ တစ်ခြားသော FLO မှာ 5 နေရာ, Bugs မှာ 7 နဲ့ Genie မှာ 9 နေရာတွေ ယူထားခဲ့တာဖြစ်ပြီး Bloomberg အရလည်း BLACKPINK အဖွဲ့ဟာ ranking နံပါတ်တစ်နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့အဖွဲ့ရဲ့ ‘DDU-DU DDU DU’ သီချင်းဟာ Youtube မှာ ကြည့်ရှုသူ 1.4 billons အထိ လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။
ဒီလို အခွေပေါင်း သန်းနဲ့ချီပြီး ရောင်းထွက်ခဲ့သလို digital ranking လည်း မြှင့်ပြီး လူကြိုက်အရမ်းများတဲ့ BLACKPINK ဟာ ‘2020 APAN Music Awards’ ရဲ့ top 10 artists စာရင်းထဲကနေ ဖယ်ချန်ခဲ့တာကိုတော့ သူတို့ရဲ့ BLINKS တွေအတွက် မေးခွန်းပေါင်းများစွာ ကျန်ရှိနေပါတယ်နော်။
Khin