BLACKPINK အဖွဲ့ဝင်တွေက သူတို့ရဲ့ ငယ်ငယ်က ပုံလေးတွေကို documentary တစ်ခုမှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ Netflix original documentary ဖြစ်တဲ့ ‘BLACKPINK: Light Up the Sky’ အစီအစဉ်မှာ ဒီပုံလေးတွေကို ဝေမျှပေးခဲ့တာပါ။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

ဒီ documentary လေးကတော့ BLACKPINK  အဖွဲ့ဝင်တွေရဲ့ အကြောင်းအရာတွေ၊ လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းတွေနဲ့ ငယ်ငယ်က အမှတ်တရတွေ စသဖြင့် သူတို့ပွဲဦးမထွက်ခင်က အကြောင်းအရာတွေကို ပြောပြပေးတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

 

BLACKPINK အဖွဲ့ဝင်တွေက ဒီအစီအစဉ်မှာ ပရိတ်သတ်တွေ တစ်ခါမှ မမြင်ဖူးတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို ချပြခဲ့ကြပြီး သူတို့ရဲ့ ငယ်ငယ်က အမှတ်တရ တစ်ချို့ကို ပြောပြခဲ့ကြပါတယ်။ ဟိုးငယ်ငယ်ကတည်းက သူတို့ဘယ်လိုမျိုး ကြီးပြင်းလာခဲ့လဲဆိုတာကို ဓာတ်ပုံတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

 

ခုအချိန်မှာတော့ BLACKPINK အဖွဲ့ဟာ Kpop လောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားပြီး အဖွဲ့ဝင်တွေက သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်းဆုံး လျှောက်လှမ်းခဲ့ကြသူတွေပါ။ အိပ်မက်တွေဖြစ်လာဖို့ ပေးဆပ်မှုတွေ၊ ပင်ပန်းမှုတွေနဲ့ ကြိုးစားခဲ့ကြသလို ခက်ခဲမှုတွေကို ကျော်ဖြတ်ပြီးနောက်မှာတို့ သူတို့ဟာ ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့ကြပါတယ်။

Khin