သင့်ရဲ့အိပ်မက်က korea entertainment အေဂျင်စီတွေမှာ audition ဝင်ခွင့်ရချင်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေပြီး စိတ်လှုပ်ရှားလွန်းနေတာလား။ ဒါဆိုရင်တော့ BLACKPINK အဖွဲ့ဝင်တွေက ဒီလိုမျိုး အကြံပြုစကားလေးတွေကို ပြောကြားထားပါတယ်နော်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
BLACKPINK ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rose ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ့် စကားလေးကို အကြံပေးခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေကို အကောင်းဆုံးလုပ်တဲ့အခါ ဒီအရာအတွက် ဂုဏ်ယူတတ်ဖို့ကို “ကိုယ့်ရဲ့ပုံစံအမှန်ကို လက်ခံပါ ပြီးရင် သူတို့တွေကို စိုက်ကြည့်လိုက်ပြီး ငါဒီမှာ” ဆိုတဲ့ ပုံစံမျိုးလေး နေပါလို့ အကြံပေးခဲ့ပါတယ်။
View this post on Instagram
Jennie ကတော့ ဒိုင်တွေဟာ ဘယ်သူက အရည်အချင်း အပြည့်ရှိလဲဆိုတာမျိုးထက် ဘယ်သူက ပိုထင်ပေါ်ပြီး အလားအလာရှိလဲဆိုတာမျိုးကို ရှာဖွေတယ်လို့ ခုလိုပြောခဲ့ပါတယ် “အားလုံးကို အကောင်းဆုံးလုပ်ပြပြီး သီချင်းဆိုပြတာမျိုးထက် ကိုယ့်ရဲ့ယုံကြည်မှုကို ထုတ်ပြပြီး ကိုယ့်ရဲ့အရည်အသွေးကို ဘယ်လောက်ပြနိုင်လဲ ဆိုတာက အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
View this post on Instagram
Rose က လက်ရှိအရည်အချင်းထက် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတာမို့ “ကိုယ့်ရဲ့ ပုံစံက ငါဒီမှာ ရှိနေတယ်” ဆိုတဲ့ ပုံစံမျိုး ဖြစ်နေဖို့လိုတယ်ဆိုတာကို ဖြည့်စွက်ပြောကြားပေးခဲ့ပါတယ်။
BLACKPINK အဖွဲ့ဝင်တွေကတော့ auditions မှာ ဝင်ပြိုင်ချင်တဲ့သူတွေအတွက် တကယ့်ကို အဖိုးတန်တဲ့ စကားလေးတွေကို ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်နော်။
Khin