နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်တွေကို လာမယ့် (၂၀၁၈) ဧပြီလ (၁၀)ရက်နေ့မှာ ကျင်းပမယ့် သူရဲ့မွေးနေ့ရှိုးအတွက် ဘယ်နေရာမှာလုပ်စေချင်လဲဆိုပြီး voting စနစ်နဲ့မေးခဲ့ပါတယ်။ ဒီ voting စနစ်မှာတော့ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့ ဆိုပြီး လူမှုကွန်ရက်မှာ မေးခဲ့ပါတယ်။ ဒီ voting စနစ်မှာပဲ ရန်ကုန်မြို့မှာ လုပ်စေချင်တဲ့ ပရိသတ်တွေက များသွားတာကြောင့် စိုင်းစိုင်းရဲ့ Birthday Show ကို ရန်ကုန် မှာပဲ ပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

(၂၀၁၇) မှာတော့ စိုင်းစိုင်းရဲ့ Birthday Show ကို မန္တလေးမှာ ပြုလုပ်ခဲ့ပြီး ဒီနှစ် (၂၀၁၈)မှာတော့ ရန်ကုန်မှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ စိုင်းစိုင်းက မန္တလေးမှာ လုပ်စေချင်တဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းမဖြစ်သွားရအောင် မတ်လ (၃၀)ရက်မှာတော့ Frenzo Show ကို မန္တလေးမှာ ပြုလုပ်သွားမှာပဲဖြစ်တယ်လို့သိရပါတယ်။

အဆိုတော် မင်းသား စိုင်းစိုင်းကတော့ ဆယ်စုနှစ်ကျော်ကြာသည်အထိ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေခဲ့ပြီး ယခုအချိန်အထိ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားသူပဲဖြစ်ပါတယ်။ စိုင်းစိုင်းက အနုပညာအလုပ်တွေမှာတင် အောင်ြ်မင်သူမဟုတ်ဘဲ SAI Cosmetics ရဲ့ပဲ့ကိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စိုင်းစိုင်းက သူရဲ့ပရိသတ်တွေအတွက် Birthday Show ကို ရန်ကုန် မှာပြုလုပ်သွားမယ့်အကြောင်း အခုလို ဗီဒီယိုဖိုင်နဲ့ရှင်းပြခဲ့တာပဲဖြစ်ပါတယ်။

Frenzo Show in Mandalay on March 30Birthday Show in Yangon on April 10

Posted by Sai Sai Kham Leng on Saturday, March 10, 2018

source : Sai Sai Kham Leng